ရှေ့သို့
Image

အာဆင်နယ်ရဲ့ အံ့အားသင့်ဖွယ်ကျဆင်းမှုနဲ့ ပတ်သက်ပြီး ပြောကြားလိုက်တဲ့ လီဗာပူးစတား ဂျိုတာ

2:28 PM, 7 January

အာဆင်နယ်ဟာ အန်ဖီးလ်တွင် လီဗာပူးနှင့် ၁-၁ ဂိုး သရေကျခဲ့ပြိးနောက် ခရစ္စမတ်စ်ကာလတွင် အမှတ်ပေးဇယားရဲ့ ထိပ်ကနေ ရပ်တည်နိုင်ခဲ့ကာ ပရီးမီးယားလိဂ်ဆုဖလားကို ရရှိဖို့အလားအလာရှိခဲ့ပါတယ်။ သို့သော်လည်း အာတီတာရဲ့အသင်းဟာ ဝက်စ်ဟမ်းနှင့် ဖူလ်ဟမ်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနောက် ကလပ်နှစ်သင်းရဲ့ကံကြမ္မာက ပိုမိုကွာခြားသွားခြင်းမရှိပါဘူး။


ဝက်စ်ဟမ်းနှင့်ပွဲမှာ အာဆင်နယ်ဟာ ပွဲကိုအသားစီးရရှိခဲ့ပြီး ဂိုးပေါက်ကန်ချက် ၃၀ ကျော်ရှိခဲ့သော်လည်း ပြိုင်ဘက်ဂိုးသမား အေရိုလာရဲ့ ကာကွယ်မှုကြောင့် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ နှစ်သစ်ကူးအကြိုနေ့ ဖူလ်ဟမ်နဲ့ပွဲမှာ မတူတဲ့ဇာတ်လမ်းတစ်ခုဖြစ်ခဲ့ပေမဲ့ ဆာကာရဲ့ ဦးဆောင်ဂိုးကို မထိန်းထားနိုင်ခဲ့ဘဲ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အသင်းရဲ့ အဆိုးဆုံးစွမ်းဆောင်ရည်က အာတီတာကို ကြေကွဲစေခဲ့ပါတယ်။


တစ်ချိန်တည်းမှာပဲ လီဗာပူးဟာ ဆာလက်မပါဝင်နိုင်သော်လည်း ဘန်လေနှင့် နယူးကာဆယ်တို့ကို အနိုင်ယူပြီးနောက် ထိပ်ပိုင်းသို့ တက်လှမ်းခဲ့ပြီး မြောက်လန်ဒန်သို့ ယုံကြည်မှုအပြည့်ဖြင့် ခရီးဆက်နိုင်မှာဖြစ်ပါတယ်။


အီဂျစ်ဘုရင်လို့တင်စားခံထားရတဲ့ ဆာလက်က အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် လက်ရွေးစင်အသင်းအတွက် ကစားပေးမှာဖြစ်တဲ့အတွက် ၈ ပွဲအထိ လွဲချော်မှာဖြစ်ပါတယ်။


ဂျိုတာဟာ ဆာလက်မရှိတဲ့အချိန်၌ ပိုမိုတာဝန်ယူဖို့ တောင်းဆိုခံရဖွယ်ရှိတဲ့ ကစားသမားများစွာထဲမှ တစ်ဦးဖြစ်ပြီး ပေါ်တူဂီလက်ရွေးစင်ဟာ ၎င်းနှင့် ရင်ဆိုင်ကစားရတဲ့အချိန် ကောင်းမွန်တဲ့ အမှတ်တရများရှိတဲ့ ကလပ်အသင်းနှင့် ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ စတင်မှုတစ်ခုပြုလုပ်ရန် မျှော်လင့်နေမှာဖြစ်ပါတယ်။


"အာဆင်နယ်က ကြီးကျယ်တဲ့ အသင်းတစ်သင်းပါ ဒါကိုသံသယဖြစ်စရာ မရှိပါဘူး" လို့ ဂန်းနားအသင်းနှင့် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၃ ပွဲတွင် ၈ ဂိုး သွင်းယူထားသူ ဂျိုတာက ပြောကြားခဲ့ပါတယ်။


"သူတို့က လက်ရှိမှာ အကောင်းဆုံးပုံစံနဲ့ မကစားနိုင်ပေမယ့် ကြီးမားတဲ့အသင်းဖြစ်ပြီး အန်ဖီးလ်မှာ ကစားခဲ့တဲ့ပွဲက အဲဒါကို သက်သေပြခဲ့ပါတယ်" "ဘယ်သူကမှ အာဆင်နယ်ကို အမှတ်တွေ လျှော့ဖို့ မျှော်လင့်မထားဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ဒီဇင်ဘာက ပွဲတွေက အရမ်းမြန်တယ်။ ပရီးမီးယားလိဂ်ပွဲတွေဆိုတော့ အမြဲတမ်းခက်ပါတယ်"


"သူတို့က အကောင်းဆုံးပုံစံနဲ့ မကစားနိုင်တဲ့အတွက် ဒီဖလားက သူတို့အတွက် အရမ်းအရေးကြီးတဲ့ ပြိုင်ဆိုင်မှုလို့ ရှုမြင်နိုင်ပါတယ်" လို့ ဂျိုတာက ပြောပါတယ်။

#လီဗာပူး #ဂျိုတာ #ပရီးမီးယားလိဂ်