ရှေ့သို့
Image

ဆားဘီးယားအရန်ခုံဘက်ကိုသွားပြီး ဒေါသထွက်စရာလုပ်ခဲ့ပြီးနောက် ထုတ်ဖော်ပြောကြားလာတဲ့ ဇာခါ

11:32 AM, 4 December

ဆွစ်ဇာလန်အသင်းကွင်းလယ်လူ ဇာခါက ဆားဘီးယားအရန်ခုံဘက်ကိုသွားပြီး ဒေါသထွက်စရာလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို အခိုင်အမာငြင်းဆိုလိုက်ပါတယ်။

အဆိုပါဖြစ်ရပ်က ဆွစ်ဇာလန်အသင်း ဆားဘီးယားကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲအတွင်းမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

မျှော်လင့်ထားသလို တင်းမာမှုတွေက ၂ ဖက်ကစားသမားတွေကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်အသင်းက ၂-၁ ဂိုးနဲ့ အရေးနိမ့်နေရာကနေ ၃-၂ ဂိုးနဲ့ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဇာခါက မတော်တဆဖြစ်ပွားမှု ၂ ကြိမ်အထိ ပါဝင်ခဲ့တာဖြစ်ပြီး ပထမက ဆားဘီးယားကစားသမားတွေနဲ့ဖြစ်ပွားမှုမှာ ပါဝင်ခဲ့တာဖြစ်ကာ ဒုတိယကတော့ ပွဲပြီးချိန်မှာ ၂ နိုင်ငံကြား တင်းမာမှုတွေဖြစ်ပွားခဲ့သေးတာာဖြစ်ပါတယ်။

ပွဲအပြီးသတင်းစာရှင်းပွဲမှာ ဇာခါက အခုလိုဖြစ်ရပ်မျိုးကို သူမလုပ်ခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ “ကျွန်တော့်အသံကို မင်းကြားနိုင်မှာပါ။ ကျွန်တော့်ပွဲအတွင်းမှာ ခံစားချက်တွေအများကြီးပါ။ ဒါက ဘောလုံးပါ။"

"အဲ့တာက လုံလောက်မှုရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဘောလုံးပွဲအပေါ် အာရုံစိုက်လိုပါတယ်” လို့ ဇာခါက ပြောကြားခဲ့ပါတယ်။

ဇာခါ နဲ့ ရှာကွီရီတို့ကတော့ ဆားဘီးယားအသင်းနဲ့ သမိုင်းမှာ ပြဿနာရှိခဲ့တာဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားတုန်းကလည်း ဆားဘီးယားကို ထွက်ခွာရအောင်လုပ်ဆောင်ခဲ့တာဖြစ်ကာ ခေါင်းချင်းတိုက်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

#ဇာခါ #၂၀၂၂ကမ္ဘာ့ဖလား #ဆွစ်ဇာလန် #ဆားဘီးယား