ရှေ့သို့
Image

နောက်ဆုံးအကြိမ် ဒဏ်ရာရပြီးကတည်းက ဘယ်အချိန်ပြန်ကောင်းလာမလဲဆိုတာ မသိသေးပါဘူးလို့ ပြောကြားလိုက်တဲ့ ပက်ဒရီ

3:41 PM, 4 January

လူအစ်ကွန်ပနီအိုလံပစ်အားကစားကွင်းတွင် အယ်လ်မီရီယာကို ၃-၂ ဂိုးဖြင့် အနိုင်ရှိခဲ့တဲ့ပွဲမတိုင်မီ ကြွက်သားဒဏ်ရာနှင့် ပတ်သက်ပြီး စစ်ဆေးတွေ့ရှိခဲ့တဲ့ ပက်ဒရီဟာ ဒီဇင်ဘာလလယ်ကတည်းက နားနေရတာဖြစ်ပါတယ်။ ပက်ဒရီဟာ ၂၀၂၃-၂၄ ရာသီ ပွဲစဉ် ၂ ပွဲ အပြီးမှာ တံကောက်ကြောဒဏ်ရာ ရရှိပြီးနောက် ၁၂ ပွဲအထိလွဲချော်ခဲ့ပြီး အခုဒဏ်ရာဟာကြောင့် ကွင်းလယ်ကစားသမားဟာ ဒီရာသီမှာ ဒုတိယကြိမ်မြောက် နားရခြင်းလည်းဖြစ်ပါတယ်။

ဒီရာသီဟာ တံကောက်ကြောဒဏ်ရာကြောင့် အဟန့်အတားဖြစ်စေတဲ့ ပထမဆုံးရာသီမဟုတ်ဘဲ ထပ်တလဲလဲပြဿနာတက်နေတဲ့ စပိန်လက်ရွေးစင် ကစားသမားဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံး ၆၇ ပွဲအထိ လွဲချော်ခဲ့ပါတယ်။ Ibai Llanos နှင့် တိုက်ရိုက်ပြောဆိုမှုတွင် ပက်ဒရီက သူ့ရဲ့နောက်ဆုံးဒဏ်ရာအပေါ် ပြောကြားခဲ့ပြီး ပြန်လည်ကစားနိုင်ဖို့ သတ်မှတ်ထားတဲ့ ရက်စွဲအတိအကျမရှိကြောင်း ဝန်ခံခဲ့ပါတယ်။

"ကျွန်တော့်မှာ ပြန်ကစားနိုင်ဖို့ သတ်မှတ်ရက်မရှိသေးပါဘူး။ ဒါပေမယ့် မကြာခင် ကစားနိုင်တော့မှာပါ။ ကျွန်တော့်ရဲ့ ပထမဆုံးရာသီက အရမ်းရှည်လျားပါတယ်။ ၇၃ ပွဲကစားခဲ့ပါတယ်။ အဲဒါက ကျွန်တော့်ကို ထိခိုက်စေနိုင်ပေမယ့် ကမ္ဘာကြီးကို လွှမ်းမိုးချင်ခဲ့ပါတယ်" "ပထမဆုံး ဒဏ်ရာရရှိပြီဆိုရင် ဒါက ပြန်ဖြစ်နိုင်တယ်လို့ လူတိုင်းက ပြောကြပါတယ်။ ဒါပေမယ့် ထပ်မဖြစ်အောင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လုပ်ဆောင်နေတယ်။ အစားအသောက်ပုံစံကို ပြောင်းလဲခဲ့ပြီး စိတ်လေ့ကျင့်ခန်းလုပ်ဖို့အတွက်လည်း သွားရောက်ခဲ့ပါတယ်" "ကျွန်တော့်ဘဝနေထိုင်မှုပုံစံက ထိခိုက်ဒဏ်ရာရစေတယ်လို့ တစ်ချို့လူတွေကပြောကြတဲ့အခါ စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်က အပြင်လည်းမထွက်သလို ပါတီပွဲတွေကို ကြိုက်တဲ့သူမဟုတ်ပါဘူး။ နောက်ကျမှထပြီး လေ့ကျင့်ရတာကို နှစ်သက်ပြီး ဘောလုံးကိုသာ ကစားချင်နေသူဖြစ်ပါတယ်" လို့ ပက်ဒရီက ပြောပါတယ်။

ကွင်းလယ်ကစားသမားဟာ ကြာသပတေးနေ့ လာလီဂါပွဲစဉ်အဖြစ် လက်စ်ပါးမားနှင့် ကစားမယ့်အသင်းတွင် ပါဝင်မှာ မဟုတ်ပါဘူး။

#လာလီဂါ #ဘာစီလိုနာ #ပက်ဒရီ