ရှေ့သို့
Image

မတ်လအတွက် ပရီးမီးယားလိဂ်တစ်လတာဆုကို ရရှိခဲ့တဲ့ ဟယ်ရီကိန်း

6:21 PM, 1 April

တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ မတ်လအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။ 

တစ်လတာအကောင်းဆုံးဆုကို ရရှိတာဟာ ကိန်းအတွက် ၇ကြိမ်မြောက်ဖြစ်ပြီး မန်စီးတီးတိုက်စစ်မှူးဟောင်း အဂူရိုရဲ့ စံချိန်ကို လိုက်မီနိုင်ခဲ့ပါတယ်။

ကိန်းဟာ ဘရိုက်တန်ကို ၂ဂိုးပြတ် နိုင်တဲ့ပွဲတွင် ဝိန်းရွန်းနီရဲ့ ၉၄ဂိုး စံချိန်ကို ကျော်ဖြတ်ကာ သမိုင်းတလျောက် ပရီးမီးယားလိဂ်ရဲ့ အဝေးကွင်းဂိုးသွင်းအများဆုံးသူအဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။

မတ်လအတွင်း ကိန်းဟာ စပါးအသင်းအတွက် ၆ဂိုး ပါဝင်ပက်သက်ပေးခဲ့ပြီး ၄ဂိုးသွင်း ၂ဂိုးဖန်တီးပေးခဲ့ကာ လန်ဒန်ကလပ်ဟာလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ကာလတွင် ၄ပွဲကစားရာမှာ ၃ပွဲ အနိုင်ရရှိခဲ့ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ဆုအတွက် မတ်တီးကတ်ရှ်၊ချာလိုဘတ်၊ဟားဗတ်ဇ်၊ ကူလူဆက်ဗ်စကီး၊ရော်ဘတ်ဆန်၊ ဆာကာ၊တိုနေးတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာလည်း ဖြစ်ပါတယ်။


#စပါး #ဟယ်ရီကိန်း