ရှေ့သို့
Image

အာဖရိက နေးရှင်းလိဂ်ဖလားအတွက် ကင်မရွန်းအသင်း လူစာရင်းမှာ ပါဝင်လာတဲ့ အိုနာနာ

9:11 AM, 29 December

ယူနိုက်တက်ဂိုးသမား အိုနာနာတစ်ယောက် အာဖရိကနေးရှင်းလိဂ်ဖလားအတွက် ကင်မရွန်းအသင်းလူစာရင်းမှာ ပါဝင်လာတယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲဟာ ဇန်နဝါရီ ၁၃ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ဖိုင်နယ်ကန်မှာဖြစ်ပါတယ်။ အိုနာနာဟာ တော့တင်ဟမ်နဲ့ ပွဲတစ်ပွဲအပါအဝင် ၆ ပွဲလောက် လွဲချော်နိုင်တာဖြစ်ပြီး ကင်မရွန်း အသင်းပြိုင်ပွဲတက်မယ့်အပေါ်မူတည်ပြီး ပွဲအရေအတွက်များနိုင်တာဖြစ်ပါတယ်။

တန်ဟက်ကတော့ အိုနာနာမပါဝင်နိုင်ချိန်မှာ နွေရာသီတုန်းကခေါ်ယူခဲ့တဲ့ ဘာယင်ဒရာကို နေရာပေးဖွယ်ရှိနေပါတယ်။ တူရကီသားဟာ ယူနိုက်တက်အသင်းထံ ပေါင် ၄.၃ သန်းနဲ့ ဖီနာဘာချီအသင်းဆီကနေ ပြောင်းလာခဲ့တာဖြစ်ပါတယ်။

တွန်ဟီတန်ကလည်း ရွေးချယ်စရာအဖြစ် ရှိနေပေမယ့် ၂၀၂၁ တုန်းက အသင်းကို ပြောင်းလာခဲ့တာဖြစ်ပြီး အဲ့တကည်းက ပွဲထွက်ခွင့်တစ်ပွဲမှ မရသေးတာဖြစ်ပါတယ်။ အိုနာနာဟာ ယူနိုက်တက်မှာ ရုန်းကန်နေရတာဖြစ်ပြီး အမှားတွေကနေ ဂိုးတွေခွင့်ပြုခံနေရပါတယ်။

ပရိသတ်တစ်ဦးကတော့ “ယူနိုက်တက်အတွက် အကျိုးရှိသွားပြီ”လို့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။
နောက်ထပ်တစ်ဦးကလည်း “အခုမှရာသီစတင်တော့တယ်”လို့ ရေးသားခဲ့ပါတယ်။ နောက်ထပ်တစ်ဦးကလည်း “ယူနိုက်တက်က အခုဆိုထိပ်ဆုံး ၄ သင်း နေရာဝင်တော့မယ်”လို့ ဟာသလုပ်ရေးသားခဲ့ပါတယ်။

အသက် ၂၇ နှစ်သားဟာ ၂၀၂၂၂ ကမ္ဘာ့ဖလားမှာ နည်းပြ ဆောင်းနဲ့ပြဿနာတက်ခဲ့တာကြောင့် နိုင်ငံအသင်းကနေ အနားယူခဲ့တာဖြစ်ပါတယ်။ အဲ့နောက် သြဂုတ်လတုန်းက ဆုံးဖြတ်ချက်ပြန်လည်ပြောင်းလဲခဲ့ပြီး နိုင်ငံအသင်းအတွက် ပြန်ကစားပေးတော့မယ်လို့ ဆိုခဲ့ပါတယ်။

ကင်မရွန်းအသင်းဟာ လာမယ့်ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဂူနီယာအသင်းနဲ့ စတင်ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် ၄ ရက်အကြာမှာ ဆီနီဂေါ နဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဂမ်ဘီယာတို့နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
#မန်ချက်စတာယူနိုက်တက် #နေးရှင်းလိဂ် #အိုနာနာ #ကင်မရွန်း