ရှေ့သို့
Image

ယူနိုက်တက်မှာ ဂိုးမိုးခေါင်ခဲ့ရခြင်းအတွက် တန်ဟက်ရဲ့နည်းဗျူဟာကို အပြစ်တင်လိုက်တဲ့ ဝက်ဟော့စ်

2:46 PM, 24 December

တူရကီကလပ် ဘက်ဆစ်တပ်ကနေ ဇန်နဝါရီလမှာ ပေါင် ၃ သန်းဖြင့် အငှားရောက်လာချိန်မှာတော့ ဝက်ဟော့စ်ရဲ့ ငယ်ဘဝအိပ်မက်တွေက အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။


ဝက်ဟော့စ်ဟာ ကာရာဘောင်ဆုဖလားကိုရရှိခဲ့သလို အက်ဖ်အေဖလားရဲ့ဖိုင်နယ်မှာ ပါဝင်ခဲ့ရသော်လည်း မန်ချက်စတာမှာရှိခဲ့တဲ့ ၅ လတာကာလအတွင်း ဂိုးမိုးခေါင်ခဲ့တာဖြစ်ပါတယ်။


လက်ရှိ ဂျာမန်ကလပ် ဟော့ဖန်ဟိန်းမှာ အငှားကစားနေတဲ့ နယ်သာလန်လက်ရွေးစင် ကစားသမားဟာ ယူနိုက်တက်အတွက် ၃၁ ပွဲကစားခဲ့ပြီး ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။


သူ့ရဲ့ဂိုးမိုးခေါင်ခဲ့ခြင်းဟာ နည်းပြတန်ဟက်ချမှတ်ထားတဲ့ နည်းဗျူဟာတွေကြောင့်သာဖြစ်ပါတယ်လို့ ပြောဆိုလိုက်ပါတယ်။


The Mirror သို့ ဝက်ဟော့စ်က "ကျွန်တော်တို့ ခက်ခဲတဲ့အချိန်မှာ သူတို့ အောင်မြင်တဲ့လတွေရှိခဲ့ပါတယ်"


"ကျွန်တော်ဟာ အသင်းရဲ့ဦးတည်ကစားကွက်နှင့် တိုက်စစ်နှင့် ကွင်းလယ်တို့ ချိတ်ဆက်ရာမှာ အဓိကကျတဲ့ သူဖြစ်ခဲ့ပါတယ်"


"ကျွန်တော်တို့ရဲ့ သွင်းဂိုးတွေက နောက်မှာသာရှိခဲ့ပါတယ်။ ဒါတွေကပဲ ကျွန်တော့်ရဲ့ပွဲထွက်ခွင့်ကို ဆုံးရှုံးစေခဲ့တဲ့ အကြောင်းပြချက်တွေပါပဲ"


"ပရီးမီးယားလိဂ်ဆိုတာက အကောင်းဆုံး ခံစစ်မှုးတွေနဲ့အတူ ကမ္ဘာပေါ်က အခက်ခဲဆုံးလိဂ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အခွင့်အရေးဖန်တီးတဲ့နေရာမှာ ကျွန်တော်တို့က စိုးမိုးထားတာပါ။ သူတို့ကစားပုံက ကျွန်တော်ကစားနေကြပုံနဲ့ မတူပါဘူး"


"ဂျာမနီနဲ့ တူရကီမှာ အသင်းသားတွေက ကျွန်တော့်ကိုဦးတည်ပြီးကစားတာပါ။ ကျွန်တော်ဟာ လိုင်းရဲ့နောက်ဆုံးမှာဖြစ်ပြီး ယူနိုက်တက်မှာတော့ ကျွန်တော်က သေချာအောင်လုပ်ပေးရတဲ့သူဖြစ်တာမို့ အခြားသူတွေက ခြေစွမ်းပြနိုင်ကြတာပါ။ ကျွန်တော် အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဂိုးတွေ ပိုပြီးသွင်းယူနိုင်ခဲ့သင့်ပါတယ်" လို့ ရှင်းပြပါတယ်။


ယူနိုက်တက်က သူ့ကို ပထမဆုံးစိတ်ဝင်စားတဲ့အချိန် ဖြစ်ပေါ်သွားတဲ့ သူ့ရဲ့စိတ်ခံစားချက်ကို ဝက်ဟော့စ်က ရှင်းပြထားပါသေးတယ်။


၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ပေါင် ၁၂ သန်းဖြင့် ဝုဖ်ဘတ်ကနေ ဘန်လေသို့ ရောက်လာခဲ့တဲ့ အရပ် ၆ပေ ၆လက်မရှိ တိုက်စစ်မှုးဟာ ဘန်လေတန်းဆင်းသွားချိန်မှာတော့ တူရကီကလပ်သို့ အငှားလာရောက်ကစားခဲ့ပါတယ်။


"ဘက်ဆစ်တပ်မှာအဆင်ပြေနေပြီး ကျွန်တော်ကိုယ်တိုင်လည်း ပျော်ရွင်နေခဲ့တာပါ"


"ညနေခင်းတစ်ခုမှာ ကျွန်တော့်ရဲ့အေးဂျင့် ဆိုင်မွန်က ဖုန်းဆက်လာခဲ့ပါတယ်။ ကျွန်တော်က အိပ်ရာဝင်နေပြီး သမီးလေးကို သီချင်းဆိုပြီးချော့သိပ်နေတာပါ။ ဒါပေမဲ့ ဖုန်းကိုင်ခဲ့ပြီး ဆိုင်မွန်က မင်းကို စိတ်ဝင်စားနေတဲ့ ကလပ်နှစ်သင်းရှိတယ် လို့ ပြောခဲ့ပါတယ်"


"ပထမဆုံးအနေနဲ့ ဘရန့်ဖို့ဒ်က စိတ်ဝင်စားတဲ့အကြောင်းပြောပါတယ်။ နောက်ပြီး ရုတ်တရက်ဆိုသလို အော်ဟစ်ပြီး ဝက်ဟော့စ်ရေ မင်းကို ယူနိုက်တက်က အလိုရှိနေတာကွလို့ ပြောခဲ့ပါတယ်။ ကျွန်တော် ဖုန်းချပြီးတဲ့အခါမှာ မျက်ရည်ကျခဲ့ပါတယ်"


"ကျွန်တော်နဲ့ဘက်ဆစ်တပ်အားကစားဒါရိုက်တာရဲ့ ဆက်ဆံရေးကကောင်းပါတယ်၊ ဒါကြောင့် ယူနိုက်တက်မှာ ကစားချင်တာက ကျွန်တော့်ရဲ့ငယ်ဘဝအိပ်မက်ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ သူကလည်း နားလည်ခဲ့ပြီး ဘက်ဆစ်တပ်ကလည်း ပိုကောင်းတဲ့ ဘဏ္ဍာရေးအနေအထားတဲ့ ထိန်းခဲ့ပါသေးတယ်။ ငွေဘယ်လောက်လဲဆိုတာကို ကျွန်တော်မပြောတော့ပါဘူး။ ဒါကိုပြောလိုက်မယ်ဆိုရင် အပြောင်းအရွှေ့တော်တော်များများကို ဆုံးရှုံးသွားမယ်လို့ထင်လို့ပါ"


"ကျွန်တော့်ရဲ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မှော်ဆန်တဲ့ကွင်းကြီးထဲသို့ ဝင်ရောက်လာခဲ့ပြီး ထိုင်ခုံမှာထိုင်ခဲ့ကာ ဘေးပတ်ချာလည်ကို ကြည့်လိုက်တဲ့အခါ ပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံတွေကို ကြားခဲ့ရပါတယ်"


"အဲ့ဒီအချိန်မှာ ဪ ဒါက ငါ့ရဲ့ကလပ်ပဲဆိုတာကို နားလည်လိုက်ရပါတယ်။ ကျွန်တော်ဟာ အကောင်းဆုံးပွဲတစ်ပွဲဖြစ်တဲ့ ယူနိုက်တက်ရဲ့မန်စီးတီးကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲကို ကြည့်ခဲ့ဖူးပါတယ်။ ဒါကို ကျွန်တော့် ငယ်ဘဝကတည်းက အိပ်မက်မက်ခဲ့တာပါ။ တကယ်ဖြစ်သွားတာကို မြင်ရတော့ အရမ်းကိုတုန်လှုပ်ခဲ့ရပါတယ်" လို့ ဝက်ဟော့စ်က ရှင်းပြပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဟော့ဖန်ဟိမ်း #ပရီးမီးယားလိဂ် #ဝက်ဂ်ဟော့စ်