ရှေ့သို့
Image

လေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်တွေကို တစ်လကျော်ခန့်လွဲချော်မယ့် ပက်ဒရီ

3:29 PM, 25 August

ဘာစီလိုနာအသင်းကွင်းလယ်ကစားသမားဖြစ်သူ ပက်ဒရီဟာ လေ့ကျင့်ရေးကွင်းမှာ ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့ပြီး တစ်လကျော်လောက် အနားယူရမည်ဖြစ်ကြောင်းသိရပါတယ်။ အဆိုပါသတင်းဟာ ဘာစီလိုနာအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာပြီး ပက်ဒရီမပါဝင်တဲ့ ကွင်းလယ်ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ပက်ဒရီသည် ဘာစီလိုနာအသင်း၏ ပထမပွဲထွက်ခွင့်ရရှိနေသော ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်က ကာဒဇ်ကို ဘာစီလိုနာအသင်းအနိုင်ရရှိစေမည့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ဂိုးသွင်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါ ၎င်း၏ညာပေါင်တွင် ဒဏ်ရာရရှိခဲ့ပြီး ၎င်းသည် သီတင်းပတ်ခြောက်ပတ်ကျော်ကြာ ဘာစီလိုနာအသင်း၏ ပွဲစဉ်များကို လွဲချော်နိုင်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။

မနှစ်က ရရှိခဲ့တဲ့ အမှတ်ပေးဖလားကို ကာကွယ်မယ့် ဘာစီလိုနာအသင်းဟာ အဖွင့်ပွဲစဉ်မှာ ဂီတာဖေးကို ၀-၀ သရေကျထားပြီး သူတို့ရဲ့ ဒုတိယမြောက်ပွဲစဉ်မှာ ကာဒစ်ကို ၂-၀ နဲ့ အနိုင်ရရှိထားပေမယ့် ပက်ဒရီရဲ့ ဒဏ်ရာပြဿနာဟာ ဘာစီလိုနာအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာပါတယ်။ ပက်ဒရီ မပါဝင်နိုင်ပေမယ့် နည်းပြဇာဗီရဲ့ ကွင်းလယ်အတွက်ရွေးချယ်စရာမှာတော့ ဂန်ဒိုဂန်၊ ဒီဂျောင် နှင့် ရိုမီယူတို့လို ကစားသမားတွေကတော့ရှိနေဆဲပါ။

ဇာဗီက "ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား ပက်ဒရီဟာ ညာဖက်ပေါင်ကြွက်သားဒဏ်ရာ ရရှိခဲ့ပါတယ်။ လက်တလောသူ့ကို ရွေးချယ်ခွင့်မရတော့ပေမယ့် သူ့ရဲ့ဒဏ်ရာပြန်လည်သက်သာကောင်းမွန်လာမှုကို ကြည့်ပြီး အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ဖို့ဆုံးဖြတ်သွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

ပက်ဒရီသည် ဗီလာရီးရဲလ်၊ အိုဆာဆူနာတို့နှင့် လာလီဂါပွဲများကို လွဲချော်ရုံသာမက စက်တင်ဘာလတွင် စပိန်လက်ရွေးစင်အသင်းကစားရမည့် ယူရို ၂၀၂၄ ခြေစစ်ပွဲ ၂ပွဲကိုလည်း လွဲချော်မှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ပက်ဒရီ