ရှေ့သို့
Image

မက်ဆီနဲ့ တွဲကစားရန် ဆွာရက်ဇ်ကို ချိတ်ဆက်နေတဲ့ အကြောင်း ဖွင့်ပြောလာတဲ့ အင်တာမီယာမီ အားကစားဒါရိုက်တာ ခရစ်ဟန်ဒါဆန်

3:25 PM, 21 November

ကမ္ဘာ့ဖလားချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့အပြီးမှာ ပီအက်စ်ဂျီအသင်းကနေ မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းကို ပြောင်းရွှေ့ကစားကာ ခြေစွမ်းပြနေဆဲ ဖြစ်တဲ့ မက်ဆီနဲ့အတူ တွဲဖက်ကစားရန်အတွက် နာမည်ကျော် MSN တိုက်စစ်အတွဲမှာ ပါဝင်ခဲ့တဲ့ ဥရုကွေးဝါရင့်တိုက်စစ်မှုး ဆွာရက်ဇ်ကို ခေါ်ယူရန် ချိတ်ဆက်နေတဲ့ အကြောင်း အားကစားဒါရိုက်တာ ဟန်ဒါဆန်က ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံ ဝါရင့်တိုက်စစ်မှုးအနေဖြင့် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းကောင်းပြသကာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ထားနိုင်ခဲ့ပေမဲ့ ပဲရစ်ပရိသတ်တွေရဲ့ ဝေဖန်မှုဒဏ်ကို ကြုံတွေ့နေရပြီး အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်ခဲ့ကာ စာချူပ်သက်တမ်း ကုန်ချိန်မှာ အင်တာမီယာမီအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဥရောပအခြေစိုက် နာမည်ကြီးသတင်းဌာနတစ်ခုဖြစ်တဲ့ မာကာသတင်းဌာနက မက်ဆီအနေဖြင့် အဓိက ပြိုင်ဘက် ပေါ်တူဂီဝါရင့်တိုက်စစ်မှုး သွားရောက်ကစားနေတဲ့ ဆော်ဒီမြေကို ပြောင်းရွှေ့နိုင်ပြီး အယ်ဟီလယ်အသင်းက မြင့်မားတဲ့ လုပ်ခ နှုန်းထားဖြစ်တဲ့ တစ်နှစ်လုပ်ခ ယူရို သန်း ၄၀၀ ဖြင့် ကမ်းလှမ်းထားခဲ့ကြောင်းပါ နာမည်ကြီးခဲ့ပေမယ့် အင်တာမီယာမီအသင်းကိုသာ ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။ အင်တာမီယာမီအသင်းက ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလအတွင်းမှာ ကတည်းက ဘာစီလိုနာအသင်းမှာ မက်ဆီနဲ့အတူ တွဲဖက်ကစားရင်း ကမ္ဘာ့အဆင့် ခြေစွမ်းပိုင်းပြသနိုင်ခဲ့တဲ့ ဆွာရက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

မက်ဆီနဲ့ တွဲကစားရန်အတွက် ဆွာရက်ဇ်ကို ချိတ်ဆက်နေတဲ့ အကြောင်းနဲ့ ပတ်သက်လို့ အင်တာမီယာမီအသင်းရဲ့ အားကစားဒါရိုက်တာ ဟန်ဒါဆန်က“ဆွာရက်ဇ်က အခုအချိန်မှာ တစ်ခြားကလပ်အသင်းတစ်ခုအတွက် ကစားပေးနေတာပါ။ ကိုယ့်အသင်းရဲ့ ကစားသမား မဟုတ်တဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ ထူးထူးခြားခြား ဘာမှတ်ချက်မှ မပေးလိုပါဘူး။ အင်တာမီယာမီ အသင်းမှာ လာကစားရန်အတွက် ချိတ်ဆက်နေတဲ့ အခြားကစားသမားတွေထဲမှ တစ်ဦးဆိုတာက မှန်ပါတယ်”လို့ အတည်ပြု ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
#မက်ဆီ #ဆွာရက်ဇ် #အင်တာမီယာမီ