ရှေ့သို့
Image

အာဆင်နယ်ကို မသိဘူးလို့ ပြောခဲ့တဲ့ လီယိုနာဒိုဒီကာပရီယိုကို ဝေဖန်လိုက်တဲ့ အိုဇေးလ်

12:51 PM, 18 December

Tiatanic ၊ The Wolf of Wall Street နှင့် Don't Look Up တို့မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ဒီကာပရီယိုဟာ ယနေ့ခေတ်ရဲ့ အအောင်မြင်ဆုံး သရုပ်ဆောင်များထဲမှ တစ်ဦးဖြစ်ပြီး သူ့ရဲ့ ဇာတ်ကားများတွေဟာ Box Office တွင် ဝင်ငွေဒေါ်လာ ၇.၅ ဘီလီယံကျော် ရရှိခဲ့ပါတယ်။

အသက် ၄၉ နှစ်အရွယ် မင်းသားဟာ အနုပညာ၊ စက်ဘီးစီးခြင်း နှင့် ပျားမွေးမြူရေး အပါအဝင် သရုပ်ဆောင် ပြင်ပတွင် စိတ်ဝင်စားမှုများစွာ ရှိပါတယ်။ သို့သော်လည်း ထိုစိတ်ဝင်စားမှုတွေက ဘောလုံးသို့ မပျံ့နှံ့ မရောက်ရှိသွားသည်မှာ ထင်ရှားပါတယ်။

ဒါမှမဟုတ် အနည်းဆုံးတော့ ဘောလုံးကို ကြိုက်လားလို့ မေးတဲ့ အခါ "အာဆင်နယ်ဆိုတာ ဘာလဲ" လို့ မင်းသားက တုံ့ပြန်ဖြေကြားခဲ့ပါတယ်လို့ Film Updates ရဲ့ X (တွစ်တာ) အကောင့်မှာ ဖော်ပြထားခဲ့ပါတယ်။

မင်းသားဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်အာဖရိကတွင် တက်ရောက်ကြည့်ရှုခဲ့ဖူးပြီး ဘောလုံးပွဲများမှာလည်း မြင်တွေ့ဖူးတာလည်းဖြစ်ပါတယ်။ သူ့ရဲ့ အားကစားကို စိတ်ဝင်စားမှုဟာ နိုင်ငံတကာ ဘောလုံးပွဲစဉ်များထက် မပိုပါဘူး။
ဘာပဲဖြစ်ဖြစ် အိုဇေးလ်က ဒီကာပရီယိုရဲ့ ပြောကြားချက်ကို ကောက်နှုတ်ပြီး ဟောလိဝုဒ်ကြယ်ပွင့်ကို ရက်ရက်စက်စက် ဝေဖန်ဖို့ ရည်ရွယ်ကာ ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခဲ့ပါတယ်။

"အာဆင်နယ်ဘောလုံးအသင်း က သူ့ထက် ၂၅ နှစ်ထက်လောက် ပိုကြီးတယ်။ ဘာလို့ သူကမသိရတာလဲ" လို့ ရေးသားထားပါတယ်။ အိုဇေးလ်ဟာ စိတ်ပျက်စရာအခြေအနေများကြောင့် အာဆင်နယ်မှ ထွက်ခွာသွားခဲ့တာဖြစ်နိုင်ကာ အာဆင်နယ်မှာရှိခဲ့တဲ့ နောက်ဆုံး ၅ လတာ ကာလအတွင်း အသင်းအတွက် လိဂ်ပွဲ ၁ ပွဲမှ ပါဝင်ခွင့်မရခဲ့သော်လည်း သူဟာ ဂန်းနားတွေအတွက် နက်ရှိုင်းတဲ့ ပုဂ္ဂိုလ်ရေးအရ ရှင်းရှင်းလင်းလင်းရှိနေဆဲဖြစ်ပါတယ်။

ယခုလအစောပိုင်းတုန်းက မြောက်လန်ဒန်မြို့ခံပြိုင်ဘက် တော့တင်ဟမ်ဟာ ပွဲတိုင်းတွင် ၁-၀  ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အိမ်ကွင်း ၅ ပွဲဆက်တိုက် အနိုင်ရတဲ့ ပထမဆုံး အသင်းဖြစ်လာခဲ့ပြီး အိုဇေးလ်က "နောက်ထပ် ဘယ်သူက ဒီစံချိန်ကိုချိုးဖျက်သင့်လဲ။ Bottle Job FC ပြန်လာပါပြီ" လို့ ပို့စ်တင်ထားခဲ့ပါတယ်။

အာဆင်နယ်မှ ထွက်ခွာပြီးနောက် ယခုနှစ်အစောပိုင်း အသက် ၃၄ နှစ်တွင် ဘောလုံးလောကမှ အနားယူခြင်းမပြုမီ အိုဇေးလ်ဟာ တူရကီကလပ်တွေဖြစ်တဲ့ ဖီနာဘာချီနှင့် အစ္စတန်ဘူတို့တွင် ခြေစွမ်းပြသခဲ့ပါတယ်။

#အာဆင်နယ် #အိုဇေးလ် #ပရီးမီးယားလိဂ် #ဒီကာပရီယို