ရှေ့သို့
Image

ဘန်ဝှိုက်က ဘာကြောင့် အင်္ဂလန်အသင်းမှာ မပါဝင်နိုင်သေးတာလဲဆိုတာ ရှင်းပြလိုက်တဲ့ ဆောက်ဂိတ်

10:50 AM, 11 November

ဗဟိုခံစစ်ကနေ ညာနောက်တန်းသို့ ပြောင်းရွေ့ကစားကတည်းက အသင်းအတွက် ခြေစွမ်းပြသခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ မနှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်အသင်းရဲ့ ၂၆ ဦးစာရင်းမှာ ပါဝင်ခဲ့သော်လည်း ပွဲထွက်ကစားခဲ့ရခြင်းမရှိပါဘူး။

ဝှိုက်ဟာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ပြိုင်ပွဲမှ စောစီးစွာ ထွက်ခွာခဲ့ပြီး ကာတာတွင် ကစားခဲ့ရခြင်းမရှိကာ နောက်ပိုင်းတွင်လည်း လက်ရွေးစင်အသင်းရဲ့ ရွေးချယ်ခြင်းကို မခံခဲ့ရပါဘူး။ ဝှိုက်ဟာ ဆောက်ဂိတ်နဲ့ အဆင်မပြေဖြစ်နိုင်တယ်လို့ အကြံပြုမှုတွေရှိခဲ့ပေမယ့် အင်္ဂလန်နည်းပြကတော့ အဆိုပါ ပြောကြားချက်တွေကို ငြင်းဆိုခဲ့ပြီး သူ့ရဲ့ရွေးချယ်မှုဟာ ဘောလုံးနဲ့ပတ်သက်တဲ့ အကြောင်းပြချက်သက်သက်သာဖြစ်ကြောင်း ပြောဆိုခဲ့ကာ အာဆင်နယ်ကစားသမားဟာ ဗဟိုခံစစ်ကစားသမားဖြစ်တယ်လို့ ခံစားရဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဝှိုက်ရဲ့ ချန်လှပ်ခံရမှုနှင့် ရွေးချယ်ခံရဖို့ အလားအလာရှိပါသလားလို့ မေးမြန်းရာတွင် ဆောက်ဂိတ်က "ကျွန်တော် အဲ့ဒီလိုမျှော်လင့်မိပါတယ်" "သူက အာဆင်နယ်အတွက် အရမ်းကိုကောင်းတဲ့သူပါ။ တောင်ပံခံစစ်ကစားသမားတစ်ဦးအဖြစ် မတူညီတဲ့ နေရာမှာကစားနေတာပါ။ အဲ့ဒီနေရာထက် သူက နောက်တန်းမှာ ကစားရတဲ့ ရာနှုန်းပြည့် ဗဟိုခံစစ်ကစားသမားပါ" "ပြီးတော့ သူက သူ့ကလပ်အတွက် ကောင်းကောင်းအလုပ် လုပ်ပေးနေတာ ထင်ရှားပါတယ်။ သူက ကျွန်တော်တို့ရဲ့ တွက်ချက်မှုမှာတော့ တခြားနှစ်ဦးရဲ့နောက်မှာ ရှိနေပါတယ်" လို့ ပြောပါတယ်။

သူ့ရဲ့ရွေးချယ်မှုဟာ ဘောလုံးနဲ့ပတ်သက်တဲ့ အကြောင်းပြချက်သက်သက်လား ဒါမှမဟုတ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အစောပိုင်းမှာ ထွက်ခွာသွားချိန်က ပြသနာတစ်စုံတစ်ရာရှိခဲ့လို့မေးရာတွင် ဆောက်ဂိတ်က "မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ဝေါ်ကာ၊ ထရစ်ပီယာ၊ အာနိုးလ်တို့အပြင် ရီစီဂျိမ်းစ်လည်း ရှိနေပါတယ်" "အဲ့ဒီနေရာမှာ ကျွန်တော်တို့က တောင့်တင်းတဲ့ အနေအထားမှာရှိပါတယ်။ ကျွန်တော်ပြောသလိုပဲ အဲ့ဒီနေရာအတွက် ငယ်ရွယ်တဲ့ သူတွေက ရောက်လာကြတာပါ" "နောက်ပြီး ကျွန်တော်တို့က အကောင်းဆုံးလုပ်ထားပြီး ခံစစ်ကလည်း ကောင်းနေတယ်။ ဒါဆို ကျွန်တော်တို့က လုံလောက်မှုရှိနေပါပြီ"လို့ ဖြေပါတယ်။

အင်္ဂလန်အသင်းမှာပါဝင်ဖို့ ဝှိုက်ရဲ့တောင်းဆိုမှုကို ဖိအားပေးမှာလားလို့ မေးမြန်းရာတွင် အာတီတာက "ဒါက ကျွန်တော် ပါဝင်ရမယ့်ကိစ္စ မဟုတ်ပါဘူး။ သူ့မှာ အရည်အချင်းရှိလားဆိုတော့ ရှိပါတယ်။ အဲ့ဒီအတွက် ပြောစရာတွေရှိလာပါတယ်" "ကျွန်တော်လိုချင်တာက ကစားသမားတစ်ယောက်ဟာ ပျော်ရွှင်မှုကို ခံစားရပြီး သူတို့ရဲ့ ကလပ်အသင်းနဲ့ နိုင်ငံကို အကောင်းဆုံးနည်းနဲ့ ကိုယ်စားပြုတာပါ" "ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ သူက မှန်ကန်တဲ့နည်းလမ်းနဲ့ တိုးတက်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့မှာ ခက်ခဲတဲ့ စတင်မှုအနည်းငယ်ရှိခဲ့ပြီး ဒါဟာ သာမန်မျှော်လင့်ချက်အမျိုးမျိုးနဲ့ ကြီးမားတဲ့ တိုးတက်လာမှုဖြစ်တာကြောင့် ပုံမှန်ပါပဲ။ သူဟာ မတူညီတဲ့ နေရာတွေမှာလည်း စတင်ကစားခဲ့ပေမယ့် စိတ်ဓာတ်ခိုင်မာမှုနဲ့ သတ္တိများစွာကို ပြသခဲ့တယ်လို့ ထင်ပါတယ်" "သူ့မှာ ကြီးမားတဲ့ကိုယ်ရည်ကိုယ်သွေးရှိပါတယ်။ ဖိအားတွေကို ကောင်းကောင်းခံနိုင်ရည်ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ကျွန်တော်တို့အသင်းမှာ မတူညီတဲ့ နေရာမှာ ကစားနိုင်ပြီး အသင်းအတွက် အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်" လို့ ပြောပါတယ်။

#ဆောက်ဂိတ် #အင်္ဂလန် #ဘန်ဝှိုက်