ရှေ့သို့
Image

ချဲလ်ဆီးနဲ့ ကစားမယ့် ကာရာဘောင်ဖလား ပွဲစဉ်မတိုင်ခင် ကစားသမား ၂ ဦး ထပ်မံဒဏ်ရာ ရသွားတဲ့ နယူးကာဆယ်

12:48 PM, 18 December

နယူးကာဆယ်ဟာ အင်္ဂါနေ့မှာ ဖူလ်ဟမ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် စနေနေ့ညမှာ စတန်းဖို့ဒ်ဘရစ်ချ်သို့ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။

ဂျီမီနက်ဇ် ထုတ်ပယ်ခံရပြီးနောက်တွင် လူးဝစ်မီလီ၊ အယ်မီရွန်နှင့် ဒန်ဘန်းတို့က ဂိုးများ သွင်းယူနိုင်ခဲ့ပြီး အိမ်ကွင်းတွင် အနိုင် ၃ မှတ် ရရှိခဲ့ကာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၆ နေရာသို့ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ သို့သော်လည်း ဒဏ်ရာရ ကစားသမားများနေတဲ့ အက်ဒီဟိုဝီရဲ့ အသင်းဟာ ပထမပိုင်းတွင် နောက်ခံလူ ရှားနှင့် ကွင်းလယ်လူ ဂျိုလင်တန်တို့ဒဏ်ရာ ရရှိခဲ့တာကြောင့် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

ဗဟိုခံစစ်ကစားသမားဟာ နယူးကာဆယ်ရဲ့ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တို့တွင် ပွဲတိုင်းပါဝင်ကစားခဲ့ပြီး ဘရာဇီးလ်ကြယ်ပွင့်ဟာ အက်ဒီဟိုဝီရဲ့အသင်းတွင် အဓိကကျတဲ့ ကစားသမားတစ်ဦးဖြစ်နေပါတယ်။ ဒါ့အပြင် တိုက်စစ်မှုး အိုင်ဆက်ဟာ ပေါင်ခြံဒဏ်ရာရရှိခဲ့တာကြာင့် ယခုပွဲကိုလွဲချော်မှာဖြစ်ကြောင်း ဖူလ်ဟမ်နှင့်ပွဲမစခင်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရှားနှင့် ဂျိုလင်တန်တို့ရဲ့ ကြံ့ခိုင်မှုနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် အက်ဒီဟောင်းက "ပြောရခက်ပါတယ်။ သူတို့ကြည့်ရတာ သိပ်တော့မကောင်းပါဘူး။ ဒါပေမယ့် ရေတိုအတွက်သာဖြစ်မယ်လို့ ထင်မိပါတယ်" "ရှားက တင်ပါးဒဏ်ရာလို့ထင်ပါတယ်။ တံကောက်ကြောဒဏ်ရာလို့ မထင်မိပါဘူး။ ပြီးတော့ ဂျိုလင်တန်က တံကောက်ကြောဒဏ်ရာ ဖြစ်နိုင်ပါတယ်" လို့ ပွဲအပြီးမှာ ပြောပါတယ်။

အဆိုပါ ကစားသမား ၃ ဦးအပြင် နယူးကာဆယ်ဟာ ပွဲပယ်ခံထားရတဲ့ တိုနယ်လီကို မပါဝင်ဘဲ ဒဏ်ရာရကစားသမား ၈ ဦးအထိရှိလာကာ ပွဲကျပ်များရှိလာသည်နှင့်အမျှ ချဲလ်ဆီးနှင့်ပွဲအတွက် လိုအပ်ချက်တွေရှိလာတာဖြစ်ပါတယ်။

"အတွင်းပိုင်းအထိ စုံစမ်းစစ်ဆေးဖို့ အများကြီးလိုမယ် မထင်ပါဘူး။ ပြဿနာက ကျွန်တော်တို့မှာ ဒဏ်ရာရ ကစားသမားတွေများနေလို့ပါ" "အစောပိုင်းမှာ ဒီကစားသမားတွေကို ရွေးချယ်ခဲ့တာကြောင့် အသင်း  ပွဲတွေကို မစီမံနိုင်သေးဘူးလို့ ဆိုလိုတာပါ။ ကျွန်တော်တို့က ဒီကစားသမားတွေကို ဆက်တိုက်ရွေးချယ်ပြီး နောက်ဆုံးမှာ သူတို့က ဝန်ထုပ်ဝန်ပိုးနဲ့ကစားနေရတာကြောင့် ကျွန်တော်တို့က အခြေအနေရဲ့ သားကောင်ဖြစ်သွားပြီထင်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး" "ကျွန်တော့်ကို အထင်မလွဲပါနဲ့ အမှားတွေရှိခဲ့ဖူးပြီး အဲဒါက ဒီလိုအလုပ်မျိုးဖြစ်လို့ ဆေးပညာအရ အမှားအယွင်းတွေက အမြဲရှိနေမှာပါ။ အကဲဖြတ်မှုတိုင်းကိုတော့ မှန်ကန်စွာ ရရှိမှာတော့ မဟုတ်ပါဘူး" လို့ အက်ဒီဟိုဝီက ပြောပါတယ်။

#ချဲလ်ဆီး #နယူးကာဆယ် #ဂျီမီနက်ဇ် #ဖူလ်ဟမ် #ပရီးမီးယားလိဂ်