ရှေ့သို့
Image

ပဲလေ့စ်နဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် ဆာလက်ကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ အယ်လီယော့

3:27 PM, 10 December

စနေနေ့က ပဲလေ့စ်အား comeback ဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာ အီဂျစ်နိုင်ငံသားက ဦးဆောင်ခဲ့ပြီးနောက် သူ့ရဲ့လီဗာပူးကစားသမားဘဝတွင် ဆာလက်ရဲ့လွှမ်းမိုးမှုကို အယ်လီယောက ပြောကြားလိုက်ပါတယ်။


အစပိုင်းမှာ ပင်နယ်တီဂိုးဖြင့် ဦးဆောင်ခဲ့တဲ့ ကစားသမား ၁၀ ဦးသာရှိတဲ့ ပဲလေ့စ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို တက်လှမ်းသွားပြီဖြစ်ပါတယ်။


ကလော့ပ်ရဲ့အသင်းအတွက် အရန်ခုံကနေ လူစားလဲဝင်ရောက်ကာ ပွဲပြီးခါနီးတွင် အယ်လီယော့ အနိုင်ဂိုးမသွင်းယူပြီး ချေပဂိုးကို ဆာလက်က သွင်းယူခဲ့တာဖြ်စပါတယ်။


ပွဲအပြီးမှာတော့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို တိုက်စစ်ကစားသမားတွေက ပြောကြားခဲ့ပြီး သူ့ရဲ့နောက်ကျအနိုင်ဂိုးအတွက် ဆာလက်ကို ချီးကျူးပြောကြားခဲ့တာဖြစ်ပါတယ်။


ပထအသင်းသို့ ရောက်ရှိလာပြီးနောက် ကမ္ဘာ့အဆင့်ရှိ တောင်ပံကစားသမားနှင့် တွဲဖက်ကစားရတာက ပျော်စရာဖြစ်ကာ လီဗာပူးအတွက် ဂိုး ၂၀၀ မြောက်ကိုသွင်းနိုင်ခဲ့တဲ့ ဆာလက်ကို အယ်လီယော့က ချီးကျူးပြောကြားလိုက်ပါတယ်။


"ဒီနေ့ ကျွန်တော်သွင်းယူခဲ့တဲ့ပုံစံက သူ့ဆီကနေ သင်ယူခဲ့တဲ့အရာဖြစ်ပါတယ်။ သူ့ဆီကနေ ဘယ်လောကအထိ သင်ယူခဲ့လဲ သူဟာ ကျွန်တော့်အပေါ် ဘယ်လောက်အထိ လွှမ်းမိုးမှုရှိခဲ့လဲဆိုတာ ကျွန်တော် အမြဲပြောဖြစ်ပါတယ်"


"ကျွန်တော် ပထမအသင်းသို့ရောက်လာကတည်းက သူဟာ ကျွန်တော့်ဘက်မှာအမြဲရှိခဲ့ပြီး ကြည့်ရှုစောင့်ရှောက်ခဲ့ကာ ကွင်းထဲမှာ ဒီလိုကမ္ဘာ့အဆင့်ကစားသမားမျိုးနဲ့ တွဲကစားရတာ အရမ်းကိုပျော်ဖို့ကောင်းပါတယ်"


"ဒီနေ့ လီဗာပူးအတွက် သူ့ရဲ့ သွင်းဂိုး ၂၀၀ မြောက်ကို ထိုက်ထိုက်တန်တန်ပြည့်ခဲ့ပါတယ်။ သူ့လောက် ဘယ်သူကမှ ကြိုးစားကြမှာမဟုတ်ပါဘူး၊ သူ့ကိုတော့  ချီးကျူးပြောကြားချင်ပါတယ်" လို့ အယ်လီယော့က TNT Sports သို့ ပြောပါတယ်။


ပဲလေ့စ်နဲ့ပွဲက အနိုင်ဂိုးဟာ အယ်လီယော့ရဲ့ လက်ရှိရာသီပြိုင်ပွဲစုံ ပထမဆုံးဂိုးဖြစ်ပြီး လူငယ်ကစားသမားဟာ ပွဲတော်တော်များများတွင် အရန်ခုံကနေ လူစားထိုးဝင်ရောက်ကာ ကစားခဲ့ရသူဖြစ်ပါတယ်။


လူငယ်ကစားသမားဟာ ကလပ်မှာအသိအမှတ်ပြုခံထားရသူဖြစ်ပြီး လေ့ကျင့်ရေးနဲ့ Gym လေ့ကျင့်ပြီးနောက် အယ်လီယော့ရဲ့တိုးတက်မှုအတွက် သူနဲ့အတူ တစ်ဦးချင်လေ့ကျင့်ခဲ့ကြောင်း ဆာလက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


"ဒီလိုကြားရတာ အရမ်းကိုကောင်းတာပေါ့။ သူက တကယ့်ကိုတော်တဲ့ ကောင်းလေးပါ။ သူက အမြဲတမ်း သင်ယူနေသူပါ။ Gym လည်း အမြဲတမ်းသူ့ကို ကြိုးစားပြီးပြသခဲ့သလို အသင်းလိုက်လေ့ကျင့်မှုအပြီးမှာလည်း ကျွန်တော်တို့ ၂ဦးတည်း လေ့ကျင့်မှုတွေလုပ်ကြပါတယ်။ ဒါက အပိုလေးလုပ်ရုံပါပဲ ဘာကြောင့်လဲဆိုတော့ ကြိုးကြိုးစားစားလေ့ကျင့်မှုမရှိဘူးဆိုရင် ကြီးမားတဲ့အောင်မြင်မှုရရှိမှာမဟုတ်လို့ပါ"


"သူ့မှာ ကောင်းမွန်တဲ့ စရိုက်ရှိပြီး အားစိုက်လုပ်ဆောင်ဖို့သာကာ ပိုပြီးကောင်းလာတဲ့ ကစားသမားဖြစ်လာဖို့ သေချာပါတယ်။ သူ့အတွက် ကျွန်တော်ပျော်ရွင်မိပါတယ်"


"တစ်ခါတစ်လေမှာ လူငယ်ကစားသမားတွေအတွက် စိတ်ပညာရှင်လိုလုပ်ဖို့လိုတာလည်းရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုလုပ်ပေးရတာကို ပျော်မိပါတယ်" လို့ ဆာလက်က ပြောပါတယ်။


#လီဗာပူး #ပရီးမီးယားလိဂ် #အယ်လီယော့