ရှေ့သို့
Image

၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်မလားဆိုတာနှင့်ပတ်သက်ပြီး ပြောကြားလိုက်တဲ့ မက်ဆီ

10:50 AM, 3 December

အသက်အရွယ် ကြီးရင့်လာပြီဖြစ်သော်လည်း ၂၀၂၆ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအတွက် ကစားပေးဖို့ မက်ဆီက ငြင်းဆိုထားခြင်းမရှိပါဘူး။


မကြာသေးမီက ၈ ကြိမ်မြောက် ဘော်လွန်းဒီအော်ဆုကို ရရှိခဲ့တဲ့ မက်ဆီဟာ ဒိုဟာမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဖိုင်နယ်တွင် ပြင်သစ်ကို အနိုင်ရရှိကာ အာဂျင်တီးနားနှင့်အတူ ဆုဖလား ကိုင်မြှောက်နိုင်ခဲ့ပါတယ်။


အသက် ၃၆ နှစ်အရွယ် ကစားသမားအတွက် ကာတာမှာကစားခဲ့တဲ့ ပြိုင်ပွဲက သူ့ရဲ့နောက်ဆုံးဖြစ်ပြီး အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့က အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ကမ္ဘာ့ဖလားမှာ မကစားနိုင်တော့ဘူးလို့ ပြောနေကြတာတွေရှိပါတယ်။


မေဂျာလိဂ်ကလပ် အင်တာမီယာမီသို့ ပြောင်းရွှေ့သွားခဲ့သော်လည်း လက်ရွေးစင်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ဆက်လက်ခြေစွမ်းပြနေတဲ့ မက်ဆီက အဆိုပါပြိုင်ပွဲအတွက် လမ်းဖွင့်ထားတုန်း ဖြစ်ပါတယ်။


"ကမ္ဘာ့ဖလားအကြောင်း မစဉ်းစားသေးပါဘူး၊ ၁၀၀ % မပြောလိုသေးတာပါ၊ ဘာမဆိုဖြစ်သွားနိုင်တာကြောင့် အဲ့ဒီမှာလည်း ရှိချင်မှရှိမှာပါ။ ပုံမှန်အားဖြင့် အသက်အရွယ်ကြောင့် မဖြစ်နိုင်ပါဘူး။ စောင့်ကြည့်ရမှာပါ" လို့ မက်ဆီက အာဂျင်တီးနားက Star+ နှင့် အင်တာဗျူးမှာ ပြောပါတယ်။


အာဂျင်တီးနား အသင်းခေါင်းဆောင်ကတော့ သူ့ရဲ့အာရုံစိုက်မှုကို ဇွန်လ အမေရိကန်မှာ ကစားမယ့် ကိုပါအမေရိက အတွက်သာ ပြုလုပ်ထားပါတယ်။


"ကိုပါအမေရိကမှာ ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ပြီး အသင်းအတွက် ဆက်လက်ကြိုးစားလုပ်သွားမှာပါ။ လက်တွေ့ဘဝက ခက်ခဲပါတယ်" လို့ ၆ ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်မလားမေးတဲ့အပေါ် ဖြေကြားထားပါတယ်။


ကမ္ဘာ့ဖလားမှာ ကစားမယ် မကစားဘူးဆိုတာကို သူသာလျှင် ပထမဆုံးသိမှာပါလို့ မက်ဆီက ပြောပါတယ်။ ကျွန်တော်က အဆင့်နိမ့်တဲ့ လိဂ်မှာ ကစားနေတယ်ဆိုတာ သတိထားမိပါတယ်လို့လည်း မက်ဆီက ပြောထားပါတယ်။


"ကျွန်တော်အဆင်ပြေနေတယ်လို့ ခံစားနေရသ၍ ဆက်လက်ပြီး ကစားသွားမှာပါ။ အဲ့ဒီလိုပဲ ဆက်လုပ်သွားမှာပါ။ ဒီနေ့ ကျွန်တော်တွေးနေတာတွေ အားလုံးက ကိုပါအမေရိက အတွက်ပါပဲ။ အဲ့ဒီနောက် ကမ္ဘာ့ဖလားမှာ ရှိ မရှိတာ အချိန်ကသာ ပြောသွားမှာပါ"


"ကျွန်တော်က အသက်အရွယ် တစ်ခုသို့ ရောက်နေပါပြီ၊ ပုံမှန်အရဆိုရင် ကမ္ဘာ့ဖလားမှာ ကစားဖို့ ခွင့်မပြုသင့်ပါဘူး။ ကျွန်တော့် အဲ့ဒီမှာ မရှိနိုင်ဘူးလို့ ပြောတာမဟုတ်ပါဘူး။ ကမ္ဘာ့ဖလားအပြီး အနားယူဖို့ရှိခဲ့သော်လည်း ဆန့်ကျင်ဘက်သာဖြစ်ခဲ့ပါတယ်။ အခုတော့ အရင်ထက် အဲ့ဒီမှာ ကစားချင်ပါတယ်" လို့ မက်ဆီက ပြောပါတယ်။

#အာဂျင်တီးနား #မက်ဆီ