ရှေ့သို့
Image

ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာပြီး ဆော်ဒီကလပ်သို့ ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ မိုဒရစ်

1:46 PM, 20 November

ရီးရဲလ်မက်ဒရစ်ကွင်းလယ် လူကာမိုဒရစ်ဟာ ယခုရာသီကုန်မှာ အသင်းမှ ထွက်ခွာပြီး ဆော်ဒီမြေသို့ ခြေချသွားဖြစ်ရှိတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

အသက်-၃၈ နှစ်အရွယ် ခရိုအေးရှားလက်ရွေးစင် ကစားသမားဟာ ဘာနေဗျူးသို့ ဂျုဘယ်လင်ဟမ် ရောက်ရှိလာခဲ့ပြီးကတည်းက ပုံမှန်ပွဲထွက်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး ဒုတိယဦးစားပေးအဖြစ်သာ နေရာပေးခံလာခဲ့ရပါတယ်။ မိုဒရစ်ရဲ့ အေးဂျင့်က ကစားသမားကို ကလပ်အသင်းအတော်များများက ကမ်းလှမ်းခဲ့ဖူးတယ်လို့ ယခင်က အရိပ်အမြွက်ပြောကြားခဲ့ဖူးပါတယ်။

၎င်းက “ဒီနွေရာသီမှာလည်း စိတ်ဝင်စားမှုတွေရှိပါတယ်။ သူ့ကို ကလပ်အသင်းတော်တော်များများက ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။ လက်ရှိမှာတော့ သူက ရီးရဲလ်မက်ဒရစ်အတွက်ပဲ စဉ်းစားနေတယ်ဆိုပေမယ့် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုးရရှိရင် ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့နိုင်ချေရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ယခုအခါမှလည်း စပိန်အခြေစိုက်သတင်းစား Sport ရဲ့ဖော်ပြချက်အရ ကွင်းလယ်လူဟာ ၎င်းရဲ့ ၁၂ ကြာ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝကို အဆုံးသတ်ဖို့မျှော်လင့်နေတယ်လို့ သိရပါတယ်။ ဘောလွန်းဒီအော်ဆုရှင်ဟောင်း အနေနဲ့ ကစားသမားဘဝကုန်ဆုံးကာနီးမှာ ဆော်ဒီပရိုလိဂ်ရဲ့ ပေါင်သန်းပေါင်းများစွာ တန်တဲ့ စာချုပ်တစ်ရပ်ကို ငြင်းဆန်ဖို့ခက်ခဲတဲ့ အခြေအနေမှာရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကမူ ဆော်ဒီကလပ်တွေနဲ့ သဘောညီမှုတွေပြုလုပ်မှာ မဟုတ်ကြေင်း ပြောခဲ့ဖူးပါတယ်။ သို့သော် မိုဒရစ်ကကိုတော့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ခွင့်ပြုပေးသွားဖွယ်ရှိနေပါတယ်။

ဆော်ဒီကလပ်ကို မိုဒရစ်ကို ယခင်က ဘန်ဇီးမားကို ကမ်းလှမ်းခဲ့တဲပုံစံအတိုင်း ကမ်းလှမ်းလာနိုင်ချေရှိပြီး ကစားသမားဟာ ယခုရာသီ ရီးရဲလ်မက်ဒစ်ရဲ့ပွဲစဉ် ၁၇ ပွဲမှာ ၅ ပွဲသာ ပွဲထွက်ပါဝင်ခွင့်ရရှိထားတာ ဖြစ်ပါတယ်။

#ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #မိုဒရစ်