ရှေ့သို့
Image

အမ်ဘာပေကို ဝေဖန်ထားတဲ့ ပီအက်စ်ဂျီနည်းပြ အင်းနရစ်ကို လှောင်ပြောင်လိုက်တဲ့ ပြင်သစ်နည်းပြ

10:56 AM, 20 November

စံချိန်တင်နိုင်ပွဲရရှိခဲ့တဲ့ပွဲကို တိုက်စစ်မှူးက အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ပြီးနောက် အမ်ဘာပေကို ဝေဖန်ထားတဲ့ အင်းနရစ်ကို ပြင်သစ်နည်းပြ ဒီဒီယာဒက်စ်ချမ့်စ်က ပြန်လည်တုန့်ပြန်လိုက်ပါတယ်။

အမ်ဘာပေဟာ ကစားသမားဘဝ သွင်းဂိုး ၃၀၀ အပါအဝင် ဟက်ထရစ်သွင်းဂိုးကို စနေနေ့က ဂျီဘရော်တာ အား ၁၄-၀ ဂိုးဖြင့် အနိုင်တဲ့ပွဲမှာ သွင်းယူခဲ့ပြီး ဥရောပချန်ပီယံရှစ် ခြေစစ်ပွဲသမိုင်းတွင် အကြီးမားဆုံးအောင်ပွဲဖြစ်ခဲ့ပါတယ်။ အဆိုပွဲစဉ်ဟာ ပီအက်စ်ဂျီတိုက်စစ်မှုး အမ်ဘာပေရဲ့ အသင်းအပေါ် ကြိုးစားအားထုတ်မှုအပေါ် ကလပ်အသင်းနည်းပြ အင်းနရစ်ရဲ့ဝေဖန်မှုပြီးနောက် ကစားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်နည်းပြ ဒက်စ်ချမ့်စ်က သဘောမတူဘူးလို့ ပြောတာဟာ တရားမျှတပါတယ်။ အမ်ဘာပေဟာ ရာသီအစမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် စတင်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၁၅ ပွဲ ကစားကာ ၁၅ ဂိုး သွင်းယူထားပါတယ်။

ပီအက်စ်ဂျီဟာ လီဂူးဝမ်းရဲ့ ထိပ်ဆုံးမှ ရပ်တည်နေသော်လည်း ပြင်သစ်ချန်ပီယံတွေဟာ အင်းနရစ်ရဲ့ အစောပိုင်းကာလများမှာ ယုံကြည်မှုမရှိခဲ့တာဖြစ်ပါတယ်။ စပိန်နိုင်ငံသားနည်းပြက သူ့ရဲ့ကြယ်ပွင့်တွေ အထူးသဖြင့် အမ်ဘာပေဆီကနေ ယခုထက် ပိုလိုချင်နေတာဖြစ်ပါတယ်။

သမိုင်းဝင်နိုင်ပွဲပြီးနောက် အမ်ဘာပေရဲ့ စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး RMC မှမေးမြန်းသောအခါ ဒက်စ်ချမ့်စ်က အင်းနရစ်ရဲ့ မှတ်ချက်များကို ကိုးကားပြီး "ကျွန်တော်သူ့ဆီကနေပိုပြီး မျှော်လင့်ပါတယ်။ အသင်းခေါင်းဆောင်အဖြစ်က ပြီးပြည့်စုံပါတယ်။ သူက ထူးခြားတဲ့ ကစားသမားပါ။ အရာအားလုံးကို ယူဆောင်လာနိုင်ပါတယ်။ ကွင်းထဲမှာတင်မကဘဲ အဖွဲ့အပေါ် အေးဆေးစွာပဲနေတာပါ" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က ပီအက်စ်ဂျီရဲ့ ရိမ်းစ်အား ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲတွင် အမ်ဘာပေက ဟက်ထရစ် သွင်းယူပြီးနောက် အင်းနရစ်က "ဒီနေ့ အမ်ဘာပေကို ကျွန်တော် သိပ်သဘောမကျပါဘူး။ ဘာကြောင့်လဲ။ နည်းပြတွေက အရမ်းထူးဆန်းနေလို့ပါပဲ။ ဂိုးတွေနဲ့ ပတ်သက်ပြီး ဘာမှပြောစရာမရှိပေမယ့် သူက အသင်းကို မတူညီတဲ့နည်းလမ်းနဲ့ ကူညီပေးနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက သီးသန့်စကားပြောဆိုမှုမဟုတ်တဲ့အတွက် အားလုံးကိုမပြောခင် သူ့ကို အရင်ပြောခဲ့ပါတယ်။ ကီလီယန်က ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပိုလိုအပ်ပြီး သူ့ကို ဒီထက်ပိုပြီး လုပ်စေချင်ပါတယ်"လို့ ပြောပါတယ်။

အမ်ဘာပေဟာ အင်္ဂါနေ့ ဂရိနှင့် ကစားမယ့် ပြင်သစ်ရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ နောက်ဆုံးအဆင့်တွင် ပါဝင်ဖွယ်ရှိနေပါတယ်။ အသက် ၂၄ နှစ်အရွယ် ပြင်သစ်အသင်းခေါင်းဆောင်ဟာ နိုင်ငံအသင်းနည်းပြအား သက်သေပြရန် မလိုအပ်တော့သော်လည်း ကလပ်နည်းပြရဲ့ ယုံကြည်မှုအလုံးစုံအနိုင်ရရှိရန် လုပ်ဆောင်ရမယ့် အလုပ်များရှိနေပါတယ်။

#ပြင်သစ် #ပီအက်စ်ဂျီ #ဒက်စ်ချမ့် #အင်းနရစ် #အမ်ဘာပေ