ရှေ့သို့
Image

တားမြစ်ဆေးကြောင့် ပိတ်ပင်ခံထားရစဉ်အချိန်တွင်း ပေါ့ဂ်ဘာက နေ့တိုင်းလေ့ကျင့်ကနေပြီး ပြန်ကစားဖို့ကိုသာ တွေးတောနေပါတယ်လို့ ပြောကြားလိုက်တဲ့ အေးဂျင့်

2:36 PM, 17 November

ပေါလ်ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်စ်တွင် ပိတ်ပင်ခံထားရစဉ်အတွင်း အချိန်တိုင်းလေ့ကျင့်နေပြီ ပြန်လည်ကစားနိုင်ဖို့အကြောင်းကိုသာ စဉ်းစားနေကြောင်း ပြင်သစ်သားရဲ့အေးဂျင့်က ပြောကြားခဲ့ပါတယ်။


ကမ္ဘာ့ဖလားရရှိခဲ့တဲ့ ကွင်းလယ်ကစားသမားဟာ ဆေးစစ်မှုတွင် မအောင်မြင်တာကြောင့် ဆိုင်းငံ့ခြင်း ခံနေရပါတယ်။ ပေါ့ဂ်ဘာဟာ သြဂုတ်လ ၂၀ ရက်နေ့ အူဒီနီစ်နှင့် စီးရီးအေပွဲစဉ် ကစားပြီးနောက်ပိုင်းတွင် Testosterone အဆင့်မြှင့်တင်ခဲ့သည်။ သူ့ရဲ့ စမ်းသပ်မှုအတွင်း ပေးထားသော B နမူနာဟာ Testosterone မြှင့်တင်ပေးတဲ့ ဟော်မုန်း DHEA အတွက် တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။


တူရင်ရှိ ပေါ့ဂ်ဘာရဲ့ တားမြစ်ပိတ်ပင်မှုက အကန့်အသတ်မရှိဖြစ်ခဲ့ပြီး အားကစားစစ်ဆေးမှုတွင် တားမြစ်ဆေးသုံးစွဲမှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပါက သူ့ရဲ့စာချုပ်ကို ရပ်စဲနိုင်ဖွယ်ရှိနေပါတယ်။ အသက် ၃၀ အရွယ်ကွင်းလယ်ကစားသမားဟာ ရုန်းကန်နေရဆဲဖြစ်ပြီး မကြာတော့တဲ့အနာဂတ်မှာ ပြန်လည်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။


သူမရဲ့ ကစားသမားနဲ့ပတ်သက်ပြီး အေးဂျင့်ဖြစ်သူ မီမန်တာက Relevo သို့ "ကျမတို့က တစ်နေ့ပြီးတစ်နေ့အနာဂတ်ကိုမြင်နေရပါသတယ်။ ကျမတို့က ပေါလ် လက်ရှိဖြစ်ပျက်နေတဲ့အရာတွေကို ရှင်းပြရန် ကြိုးစားရမယ်အရာအားလုံးကို လုပ်ဆောင်နေပါတယ်" "ဒါပေမယ့် ဒီရှင်းလင်းချက်က တရားသူကြီးရှေ့မှာပဲ ဖြစ်ရပါမယ်။ တရားသူကြီးတစ်ဦးကို အမှီအခိုကင်းစွာနဲ့ နိဂုံးချုပ်ရမှာဖြစ်ပြီး အဆုံးအဖြတ်ရယူဖို့ လူအများရဲ့ မှတ်ချက်တွေကို လွှမ်းမိုးနိုင်မယ်လို့ ကျမထင်ပါတယ်"


"ကျမတို့ရဲ့ ငြင်းချက်တွေက အလွန်လေးနက်ပြီး အလွန်အရေးကြီးကာ သူ့ကိုလွှမ်းမိုးရန်မကြိုးစားဘဲ လုပ်ဆောင်တာဖြစ်ကြောင်း တရားသူကြီးထံ တင်ပြရမှာဖြစ်ပါတယ်။ ကျမတို့က လုပ်စရာရှိတာအားလုံးကို လုပ်နေပါတယ်" "ပေါလ်ဟာ ရိုးသားပြီး မှန်ကန်တဲ့ သူဖြစ်ပြီး အရာရာကို သစ္စာရှိရှိ အမြဲလုပ်ဆောင်ကြောင်း သူတို့တွေသိပါတယ်။ သူသာ ယုံကြည်မှုအပြည့်နဲ့ အသက်မွေးဝမ်းကျောင်းကို ပြုလုပ်နေသူပါ။ သူက အချိန်တိုင်း လေ့ကျင့်နေပြီး ဒီခက်ခဲတဲ့ အခိုက်အတန့်တွေကို ဖြတ်ကျော်ဖို့ပဲ စဉ်းစားနေပါတယ်" လို့ ပြောပါတယ်။


ပေါ့ဂ်ဘာဟာ အဆိုပါအမှုကို ကြားနာပြီးသည်နှင့် ချက်ချင်းပင် သူ့ရဲ့ကစားသမားဘဝ ပြန်လည်စတင်ရန် ရှင်းလင်းနိုင်မယ့်အပေါ် တွန်းအားပေးလုပ်ဆောင်နေပြီး မီမန်တာက "ကျမတို့က ဒီအတွက် လုပ်ဆောင်နေပါတယ်။ စနစ်အပေါ်ကိုလည်း ယုံကြည်မှုရှိပါတယ်။ မဟုတ်ရင် သက်သေမပြမချင်း ယုံကြည်ဖို့ သဘောထားရှိပါတယ်။ ကျမတို့မှာ အလုပ်လုပ်တဲ့ စနစ်ဖြစ်ကြောင်း လက္ခဏာများရှိပါတယ်။ ကျမတို့ရဲ့ ရပ်တည်ချက်ကို နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။


ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ဂျူဗင်တပ်စ်နှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားတာဖြစ်ပါတယ်။

#ပြင်သစ် #ဂျူဗင်တပ်စ် #ပေါ့ဂ်ဘာ