ရှေ့သို့
Image

ဇာပါတာ အတွက် နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုကို မနှစ်သက်တဲ့ အတ္တလန္တာ

4:00 PM, 18 January

နယူးကာဆယ်ဟာ အတ္တလန္တာတိုက်စစ်မှူး ဇာပါတာကို ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါကမ်းလှမ်းမှုဟာ အတ္တလန္တာအသင်းအတွက် ကျေနပ်စရာ ကမ်းလှမ်းမှုတစ်ခုတော့ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

ကိုလံဘီယာလက်ရွေးစင် ဇာပါတာဟာ ပြီးခဲ့တဲ့ရာသီတွေအတွင်း အတ္တလန္တာအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး လက်ရှိအချိန်ထိ သူ့ရဲ့သွင်းဂိုးတွေက အီတလီကလပ်အတွက် အရေးပါနေဆဲ ဖြစ်ပါတယ်။ သတင်းတွေအရ နယူးကာဆယ်ဟာ စီးရီးအေတိုက်စစ်မှူးကို ယူရိုသန်း ၃၀ လောက်နဲ့ရောင်းဖို့ မျှော်လင့်နေတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အတ္တလန္တာဘက်က အဆိုပါကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး အသက် ၃၀ အရွယ် တိုက်စစ်မှူးအတွက် ယူရို ၄၅ သန်းခန့် အလိုရှိနေပါတယ်။ ဇာပါတာဟာ စီးရီးအေပွဲပေါင်း ၁၁၈ ပွဲထိ ကစားထားပြီး သွင်းဂိုး ၆၅ ဂိုး သွင်းယူထားပါတယ်။ ဒါပေမယ့် သူ့ရဲ့စာချုပ်သက်တမ်းကတော့ ၂၀၂၃ မှာ ကုန်ဆုံးတော့မှာလည်း ဖြစ်ပါတယ်။

#နယူးကာဆယ် #အတ္တလန္တာ #ဇာပါတာ