ရှေ့သို့
Image

ဆာလီဘာရဲ့ လက်ရွေစင်အသင်းခြေစွမ်းနဲ့ ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ဒက်စ်ချမ့်စ်

1:14 PM, 16 November

အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီအစကတည်းက အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး အာတီတာရဲ့ခံစစ်မှာ ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။ သူဟာ ဒက်စ်ချမ့်စ်ရဲ့လက်အောက်တွင် နိုင်ငံအတွက် ၁၀ ပွဲ ကစားပေးထားသော်လည်း ဗဟိုခံစစ်နေရာအတွက် ကိုနာတေ၊ လူးကပ်စ်ဟာနန်ဒက်ဇ်၊ ကွန်ဒီ၊ ပေဗက်စ်၊ အူဘာမီကာနိုနှင့် တိုဒီဘို တို့ကဲ့သို့သော ကစားသမားများနဲ့  ပြိုင်ဆိုင်နေရတာဖြစ်ပါတယ်။

သူ့ရဲ့ ပုံမှန်အလှည့်ကျပွဲထွက်မှုပေးခြင်းနဲ့ ပွဲထွက်ခွင့်နေရာတွေအတွက် ပြိုင်ဆိုင်မှုပြင်းထန်တာက ဆာလီဘာအနေနဲ့ အာဆင်နယ်မှာ သူလုပ်သလိုမျိုးဖြစ်တယ်လို့ မခံစားမိနေဘဲ သူ့ရဲ့ နိုင်ငံတကာပုံစံကို ထိခိုက်စေနိုင်တယ်လို့ ပြင်သစ်ကို ၂၀၁၂ ခုနှစ်ကတည်းက တာဝန်ယူခဲ့တဲ့ ဒက်စ်ချမ့်စ်က ယုံကြည်နေပါတယ်။ ဒါပေမယ့် ပြင်သစ်နည်းပြက လူငယ်နောက်ခံလူကို ယုံကြည်မှုရှိပြီး နောက်တစ်ဆင့်တက်နိုင်ဖို့ အရည်အချင်းအားလုံးရှိတယ်လို့ ပြောခဲ့ပါတယ်။

"သူက ကျွန်တော်တို့နဲ့ ပွဲကစားချိန်တွေ အများကြီးမရှိပါဘူး။  သူ့ကလပ်အတွက်တော့ ကောင်းကောင်းစွမ်းဆောင်နေပါတယ်" လို့ ဒက်စ်ချမ့်စ်က ဒီနိုင်ငံတကာပွဲစဉ်များအဖြစ် ဂီဘရယ်တာ၊ ဂရိတို့နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ "နိုင်ငံတကာအဆင့်မှာ ကျွန်တော်က အလှည့်ကျပွဲထွက်စေခဲ့သော်လည်း သူက အကောင်းဆုံး အခြေအနေမှာ အမြဲရှိနေခဲ့တာမဟုတ်ပါဘူး" "သူ့ရဲ့ကလပ်အသင်းမှာရှိနေသလိုမျိုး တူညီတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွင် ရှိနေတာမဟုတ်ဘဲ ဒီတစ်ပတ်မှာ ကစားရမှားလားလို့လည်း သူ့ကိုယ်သူ မေးနေပုံမရပါဘူး" "သူဟာ ကျွန်တော်တို့နဲ့ ပွဲကစားချိန်ရရှိတဲ့အခါ သူ့နောက်မှာ တခြားသူတွေရှိနေတာကြောင့် ကောင်းကောင်းကစားဖို့ လိုအပ်တယ်လို့ သူ့ကိုယ်သူပြောခဲ့ပါတယ်" "သူ့ကလပ်အသင်းနဲ့ တူညီတဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ မရှိပါ။ နောက်တဆင့်တက်ဖို့ သူ့မှာ လိုအပ်တာတွေ အကုန်ရှိတယ်" လို့ နည်းပြက ပြောပါတယ်။

#ဆာလီဘာ #အာဆင်နယ် #ဒက်စ်ချမ့် #ပရီးမီးယားလိဂ်