ရှေ့သို့
Image

ပရီးမီးယားလိဂ် ၅ ပွဲသာ ကစားထားရသော်လည်း တော့တင်ဟမ်မှာ ဆက်နေမယ်လို့အတည်ပြုလိုက်တဲ့ ဟိုဂျက်

1:36 PM, 2 February

အပြောင်းအရွှေ့ ၂ ခုဆက်တိုက် စိတ်ဝင်စားခြင်းခံရမှုများရှိနေပြီး နည်းပြ ပိုစတီကိုဂလူရဲ့လက်အောက်တွင် ကစားခွင့်နည်းပါးနေသော်လည်း တော့တင်ဟမ်တွင် ပျော်ရွင်နေကြောင်း ဟိုဂျက်က ဝန်ခံလိုက်ပါတယ်။ ဟိုဂျက်ဟာ ပြီးခဲ့တဲ့နွေရာသီတစ်ခုလုံး အက်သလက်တီကိုမက်ဒရစ်သို့ ပြောင်းရွှေ့ဖို့ရှိခဲ့သလို ဖူလ်ဟမ်သို့ပြောင်းရန် ငြင်းပယ်ခဲ့ကာ ပြီးခဲ့တဲ့လမှာလည်း ဂျူဗင်တပ်စ်နှင့် လိုင်ယွန်တို့ရဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။

ဒိန်းမတ် ကွင်းလယ်ကစားသမားဟာ ဒီထက်ပိုပြီး ကစားချင်နေပါတယ်။ သူဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲကိုသာ စတင်ကစားခဲ့ပေမယ့် ကျန်ပွဲစဉ်တွေမှာ လူစားဝင်ကစားသမားအဖြစ်သာ ကစားခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့က ဘရန်ဖို့ဒ်အား ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ အရန်ခုံကနေ ဝင်ရောက်လာပြီး အရေးပါတဲ့ လုပ်ဆောင်မှုကို ပြုလုပ်ပေးခဲ့ပါတယ်။

အဲ့ဒီနောက် အသက် ၂၈ နှစ်အရွယ် ကစားသမားက လက်ရှိရာသီကို တော့တင်ဟမ်မှာသာ ကစားဖို့ အာရုံစိုက်ထားကြောင်း အတည်ပြုခဲ့သလို ကစားသမားရဲ့ရှေ့နေကလည်း ဒီတစ်တပတ်အစောပိုင်းက အလားတူ ပြောကြားခဲ့ပါတယ်။

"ရှေ့နေက ပြောတဲ့အခါ ကျွန်တော်တို့က နားထောင်ရမှာပါ။ အဲဒါကိုတော့ ကျွန်တော် အတည်ပြုနိုင်ပါတယ်" "ကျွန်တော် အသင်းကို ကူညီနိုင်မယ်လို့ သေချာပေါက် ခံစားမိပါတယ်။ ကျွန်တော်က အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ပွဲတိုင်းကို စတင်ကစားရတဲ့ သူကဲ့သို့ပဲ အကောင်းဆုံး ကစားခဲ့ပါတယ်။ အဲဒီထဲမှာ လျှို့ဝှက်ချက်မရှိပါဘူး" "ကျွန်တော်တို့အားလုံးက ရည်မှန်းချက်ကြီးပေမယ့် အရေးကြီးတာက အသင်းကိုယ်စား ရည်မှန်းချက်ကြီးနေဖို့ပဲ ထင်ပါတယ်။ ဒါက ကျွန်တော်တို့အားလုံးရဲ့ ရည်မှန်းချက်တွေကို အသင်းရဲ့ဘက်ကနေ ထိန်းထားနိုင်တဲ့ အဓိကအချက်ပါပဲ။ ကျွန်တော်တို့အားလုံးက အသင်းအတွက် လုပ်ဆောင်ပေးရမှာပါ" "အဓိက ကတော့ ကျွန်တော်တို့က တစ်ခုခုအတွက် ကစားနေကြတာပါပဲ။ အခုပြောသလိုပဲ အရင်တုန်းက ကျွန်တော်အမြဲပြောခဲ့ဖူးပါတယ်။ တစ်ခုခုအတွက် တိုက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်က ကျွန်တော့်ကို တွန်းအားပေးနေတာဖြစ်ပြီး တော့တင်ဟမ်က တစ်ခုခုအတွက် တိုက်ပွဲဝင်နေတယ်လို့ ကျွန်တော်သေချာပေါက်ခံစားရတယ်" လို့ ကစားသမားက ပြောပါတယ်။

တော့တင်ဟမ်ဟာ ပြည်တွင်းဖလား ပြိုင်ပွဲ ၂ ခုနှင့် ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ခြင်းမရှိသော်လည်း ပရီးမီးယားလိဂ်တွင် အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး နည်းပြ ပိုစတီကိုဂလူက အသင်းဟာ အမှတ်ပေးဖလားပြိုင်ပွဲတွင် ပါဝင်နေဆဲဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်နဲ့ စာချုပ်သက်တမ်း နောက်နှစ်မှာ ကုန်ဆုံးတော့မယ့် ဟိုဂျက်က "နောက်တစ်ဆင့်က ကျွန်တော်တို့ ရှာဖွေနေတဲ့အရာပဲလို့ ကျွန်တော်ထင်ပါတယ်" "နောက်ပွဲမှာ နောက်ထပ်အနိုင်ရဖို့က ကျွန်တော်တို့ရှာနေတာပါ။ ပြောဆိုနေခြင်းက ကျွန်တော့် ဆီကနေ လာမှာမဟုတ်ဘူး။ နောက်ထပ်ပွဲနဲ့ နောက်တစ်ဆင့်အတွက် ကျွန်တော်တို့ရှာဖွေနေတာပါ" "ကျွန်တော် ပျော်နေပါတယ်။ တည်ငြိမ်နေဖို့လိုပြီး ကျွန်တော်တို့က အရမ်းကြမ်းတမ်းတဲ့ ပြင်းထန်တဲ့ ဘောလုံးအားကစားကို ကစားနေတာကြောင့် အချိန်တိုင်း သတိထားနေဖို့ လိုတာကြောင့် ဒါဟာ အသက်ဆက်ရှင်စေမယ့် အရာတစ်ခုပါပဲ" လို့ ပြောပါတယ်။

#တော့တင်ဟမ် #ပရီးမီးယားလိဂ် #ဟိုဂျက်