ရှေ့သို့
Image

လီဗာပူးပရိသတ်တွေ အတွက် စိတ်ချမ်းမြေ့ဖွယ်သတင်းကောင်း ပေးပို့လာတဲ့ ပြင်သစ်နည်းပြ ဒက်စ်ချမ့်စ်

4:21 PM, 15 November

ကိုနာတေးရဲ့တံကောက်ကြောဒဏ်ရာက ကာလအတန်ကြာ သူ့ကို ဘေးဖယ်ထားဖို့အထိတော့ မဖြစ်နိုင်ပါဘူးဆိုတဲ့ သတင်းတွေကြောင့် လီဗာပူးပရိသတ်တွေအတွက် အားတက်စရာဖြစ်ခဲ့ပါတယ်။

ပြင်သစ်နည်းပြ ဒက်စ်ချမ့်စ်က စွန့်စားမှုတွေကို ရှောင်ရှားဖို့အတွက်သာ ဂရိ၊ ဂျီဘရော်လ်တာတို့နဲ့ ရင်ဆိုင်ကစားရမယ့် ပွဲစဉ်တွေအတွက် အသင်းလူစာရင်းမှ ကိုနာတေးနုတ်ထွက်သွားခြင်းဖြစ်တယ်လို့ ပြောဆိုရင်း ကာလရှည်အနားယူရဖွယ်ရှိတဲ့ အခြေအနေတွေအောက် ပေါ်ပေါက်လာတဲ့ စိုးရိမ်မှုတွေကို ပြေလျော့သွားစေခဲ့ပါတယ်။ ပြင်သစ်အသင်းက လာမယ့်နွေရာသီ၊ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်ထားသလို ကိုနာတေးရဲ့ဒဏ်ရာဟာ အဆက်မပြတ်အဖန်ဖန်တလဲလဲပေါ်ပေါက်နေသလားဆိုတဲ့အချက်အပေါ် စဉ်းစားသုံးသပ်ခဲ့ပါတယ်။

ဒက်စ်ချမ့်စ်ကတော့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ထားတဲ့ ခံစစ်မှူးကို အသင်းအတွက် ရွေးချယ်ဖို့ဆိုတာ နှစ်ဦးနှစ်ဖက်အကျိုးမရှိပါဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်အသင်းနည်းပြက ကိုနာတေးဟာ ကာလရှည်အနားယူရဖွယ်ရှိတယ်ဆိုတဲ့ စိုးရိမ်မှုတွေကို ပယ်ချလိုက်ပြီး ဒါဟာ လာမယ့်နိုဝင်ဘာ ၂၅ ရက်၊ မန်စီးတီးနဲ့ ရင်ဆိုင်ရတော့မယ့် ယာဂန်ကလော့ပ်ရဲ့ အသင်းနဲ့အတူ လီဗာပူးပရိသတ်တွေအတွက် တေးသံသာတစ်ခု ဖြစ်လာပါလိမ့်မယ်။

ဒက်စ်ချမ့်စ်က “ ကိုနာတေးရဲ့တံကောက်ကြောမှာ တစ်ခုခုခံစားနေခဲ့ရပါတယ်။ သူ့ကို စမ်းသပ်စစ်ဆေးခဲ့ပေမယ့် သိပ်တော့လည်း မပြင်းထန်ပါဘူး။ စွန့်စားမှုတွေ မပြုလုပ်ဖို့ အချိန်အနည်းငယ်လောက် ကိုနာတေးအတွက် လိုအပ်နေပါတယ်။ အခုဒဏ်ရာက အရင်ရရှိဖူးတဲ့ ဒဏ်ရာဟောင်းရှိနေတဲ့နေရာနားတဝိုက်မှာပါ။ ကိုနာတေးကို ရွေးချယ်ဖို့ဆိုတာ သူ့အတွက်ရော၊ ကျွန်တော့်အတွက်ပါ အကျိုးမရှိခဲ့ပါဘူး။ သူ့အတွက် အကောင်းဆုံးကတော့ သောကြာ(သို့မဟုတ်) စနေနေ့လောက်မှပဲ လေ့ကျင့်ခန်းဆင်းတာမျိုးဖြစ်ပါတယ်”လို့ ပြောပါတယ်။

အခုလိုထုတ်ဖော်ပြောဆိုမှုကြောင့် မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် လီဗာပူးရဲ့ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ကိုနာတေးကို ရွေးချယ်နိုင်ဖို့ အခွင့်အလမ်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ကိုနာတေးက အခုရာသီ အစောပိုင်းပွဲစဉ်တွေကိုလည်း တူညီတဲ့ တံကောက်ကြောဒဏ်ရာတစ်ခုကြောင့် လွဲချော်ခဲ့ရပါတယ်။

#လီဗာပူး #ပြင်သစ် #ကိုနာတေး #ဒက်စ်ချမ့် #ပရီးမီးယားလိဂ်