ရှေ့သို့
Image

အေစီမီလန်စတား လီယာအိုကို ခေါ်ယူနိုင်ဖို့ ကစားသမား ၂ ဦးပါအလိုက်ပေးမယ့် ချဲလ်ဆီး

11:06 AM, 16 May

သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ အေစီမီလန်စတား လီယာအိုကို ခေါ်ယူနိုင်ဖို့ ကစားသမား ၂ ဦးပါ အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက အေစီမီလန်စတားကို ချိတ်ဆက်ခဲ့သေးတာာဖြစ်ပြီး အခုနောက်တစ်ခေါက် ခေါ်ယူဖို့ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ချဲလ်ဆီးဟာ လီယာအိုအတွက် ဇီယက်ချ်နဲ့ ပူလီဆစ်တို့ကို အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ လီယာအိုရဲ့တန်ကြေးကို ယူရိုသန်း ၁၀၀ သတ်မှတ်ထားပေမယ့် အေစီမီလန်ဘက်ကတော့ သူတို့စတားအတွက် ယူရိုသန်း ၁၅၀ လောက် အလိုရှိနေပါတယ်။ အဆုံးသတ်မှာ အေစီမီလန်ဟာ ချဲလ်ဆီးရဲ့စိတ်ဝင်စားမှုကို ရိုက်ချိုးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်တုန်းကမှ လီယာအိုတစ်ယောက် အေစီမီလန်နဲ့ ၅ နှစ်စာချုပ်သစ် ချုပ်ဆိုထားကာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၇၅ သန်း ထည့်သွင်းချုပ်ဆိုထားခဲ့ပါတယ်။

#ချဲလ်ဆီး #အေစီမီလန် #အပြောင်းအရွှေ့ #လီယာအို