ရှေ့သို့
Image

ဒဏ်ရာအခြေအနေကြောင့် ဒိန်းမတ်လူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့ ဟွိုက်လန်းနဲ့ အဲရစ်ဆင်

8:59 AM, 14 November

ယူနိုက်တက်စတား ၂ ဦးဖြစ်တဲ့ ဟွိုက်လန်းနဲ့ အဲရစ်ဆင်တို့ဟာ ဒဏ်ရာ အခြေအနေကြောင့် နိုင်ငံအသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။

၂ ဦးစလုံးဟာ လူတန်တောင်းအသင်းကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး အဲရစ်ဆင်က ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဟွိုက်လန်းက တံကောက်ကြောဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်အက်ဖ်အေကတော့ ဟွိုက်လန်းနဲ့ အဲရစ်ဆင်တို့ဟာ လူစာရင်းကနေ နုတ်ထွက်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒိန်းမတ်အသင်းရဲ့ကြေညာချက်ထဲမှာ “အဲရစ်ဆင် နဲ့ ဟွိုက်လန်းတို့ ၂ ဦးစလုံးဒဏ်ရာ ရခဲ့သလို ကံမကောင်းစွာနဲ့ သူတို့လာမယ့်ပွဲတွေကို မပါဝင်နိုင်တော့ပါဘူး။ နည်းပြ ဟာဂျယ်မန်းက လင်စထရုန်းနဲ့ လာဆင်တို့ကို အစားထိုးရွေးချယ်ခဲ့ပါတယ်။ ယူနိုက်တက်စတား ၂ ဦးအမြန်ပြန်လာနိုင်ပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်”လို့ ဒိန်းမတ်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

တန်ဟက်ကတော့ ဟွိုက်လန်းနဲ့ အဲရစ်ဆင်တို့ရဲ့ဒဏ်ရာအခြေအနေကို စောင့်ကြည့်ပြီးမှ လုပ်ဆောင်သွားမယ်လို့ သတင်းထောက်တွေကို ပြောကြားထားခဲ့ပါတယ်။ ယူနိုက်တက်အသင်းမှာ လက်ရှိ မာတီနက်ဇ်၊ လုခ်ရှော ၊ ကက်စ်မဲရိုး ၊ မာလာစီယာ ၊ အီဗန် ၊ ဒီယာလိုတို့ ဒဏ်ရာရနေပြီး ဆန်ချိုကတော့ တန်ဟက်နဲ့ပြဿနာတက်ထားတာကြောင့် အသင်းကနေ ချန်လှပ်ခံထားရတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒိန်းမတ် #အဲရစ်ဆင် #ပရီးမီးယားလိဂ် #ဟွိုက်လန်း