ရှေ့သို့
Image

ယူနိုက်တက်ပရိသတ်တွေရဲ့ ဒေါသကို ကြောက်ရွံ့တာကြောင့် ဘော်ဘီချာလ်တန်ရဲ့ ဈာပနကို တက်ရောက်မှာမဟုတ်တဲ့ ဂလေဇာ

4:37 PM, 13 November

မန်ချက်စတာယူနိုက်တက်ပိုင်ရှင် ဂလေဇာမိသားစုဟာ ဒေါသထွက်နေတဲ့ ပရိသတ်တွေရဲ့ ရန်ကို ကြောက်ရွံ့တာကြောင့် အသင်းရဲ့ ဂန္ထဝင်ကစားသမား ဆာဘော်ဘီချာလ်တန်ရဲ့ ဈာပနအခမ်းအနားကို တက်ရောက်မှာမဟုတ်ဘူးလို့ သတင်းများထွက်ပေါ်နေပါတယ်။

ယနေ့မှာ ဘောလုံးလောကတစ်ခုလုံးက ကမ္ဘာ့ဖလားဆုရှင် ဆာဘော်ဘီရဲ့ စိတ်ထိခိုက်ဖွယ်ရာ ဈာပနအခမ်းအနားကို မန်ချက်စတာမြို့မှာ ဂုဏ်ပြုသွားမှာဖြစ်ပါတယ်။ အခမ်းအနားကို အင်္ဂလန်စံတော်ချိန် နေ့လယ် ၁း၃၀မှာ စတင် ကျင်းပသွားမှာဖြစ်ပြီး အခမ်းအနားအပြီးမှာတော့ မန်ချက်စတာဘုရားကျောင်းသို့ ထွက်ခွာကြမှာဖြစ်ပါတယ်။

သို့သော် ယူနိုက်တက်အသင်း ပိုင်ရှင်တွေကတော့ အခမ်းအနားကို တက်ရောက်မှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။ ဂလေဇာတွေဟာ ၎င်းတို့ရဲ့ ယူနိုက်တက်အပေါ်ပိုင်ဆိုင်မှုကို အဆုံးသတ်ရန်အလိုရှိနေတဲ့ ပရိသတ်တွေရဲ့ ရန်ကိုကြောက်ရွံ့နေကြတာဖြစ်ပါတယ်။ Sun Sport က ယူနိုက်တက်ထံ အဆိုပါကိစ္စရပ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့သော်လည်း ယူနိုက်တက်က မှတ်ချက်ပေးဖို့ငြင်းဆိုခဲ့ပါတယ်။

ဂလေဇာတွေဟာ ယူနိုက်တက်ရဲ့ အကြီးအကဲအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အခမ်းအနားကို တက်ရောက်ပါက အန္တရာယ်ရှိနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့တာကြောင့် မတက်ရောက်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ ယူဆရပါတယ်။ ဘော်ဘီချာလ်တန်ဟာ ၂၀၂၀ ခုနှစ်အထိ အသင်းရဲ့ ဒါရိုက်တာရာထူးကို ဆောင်ရွက်ခဲ့ပြီး ထို့နောက်မှာတော့ စိတ်ပိုင်းဆိုင်ရာရောဂါလက္ခဏာတွေ မြင်တွေ့ခဲ့ရတာကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။

ဂလေဇာတွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ယူနိုက်တက်ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ သို့သော် နောက်ပိုင်းမှာတော့ ဂလေဇာတွေဟာ အသင်းကို အပြီးသတ်လက်လွှတ်ဖို့ ငြင်းဆန်ခဲ့ကြတာကြောင့် ယခုအခါ ဗြိတိန် ဘီလီယံနာ ဆာဂျင်ရက်ကလစ်ဖ်ကအသင်းရဲ့ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူတော့မှာဖြစ်ပြီး ကျန်တဲ့ ပိုင်ဆိုင်မှုအများစုကို ၎င်းတို့ကပဲ ဆက်လက်ထိန်းသိမ်းသွားဖို့ ရည်မှန်းနေကြပါတယ်။

ဒါကြောင့် ဂလေဇာတွေကို အသင်းကနေ အပြီးသတ်ထွက်ခွာဖို့ မျှော်လင့်နေကြတဲ့ ယူနိုက်တက်ပရိသတ်တွေက ဒေါသအိုးပေါက်ကွဲပြီး အကြီးအကျယ်ဝေဖန်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂလေဇာ #ပရီးမီးယားလိဂ်