ရှေ့သို့
Image

ဝေါ်ကာနေရာအတွက် ချဲလ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်ကို မျက်စိကျနေတဲ့ မန်စီးတီး

3:09 PM, 12 November

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းဟာ ညာနောက်ခံလူနေရာအတွက် ဝေါ်ကာနေရာမှာ ချဲလ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်နဲ့ အစားထိုးချင်နေတယ်လို့ သိရပါတယ်။

စီးတီးဟာ ဂျိမ်းစ်ကို ဝေါ်ကာနေရာမှာ အစားထိုးချင်နေတာဖြစ်ပြီး သတင်းတွေအရ ဂျိမ်းစ်ကို ကာလရှည်ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

မေလမှာ အသက် ၃၃ နှစ်ပြည့်မယ့် ဝေါ်ကာဟာ ဂွါဒီယိုလာရဲ့အဓိကကစားသမားတစ်ဦးအဖြစ်ရှိနေဆဲဖြစ်ကာ စာချုပ်သက်တမ်းက ၂၀၂၆ စက်တင်ဘာမှ ကုန်ဆုံးမှာဖြစ်ပါတယ်။

ဂျိမ်းစ်ကို ရီးရဲလ်အသင်းကလည်း စိတ်ဝင်စားနေပြီး အန်ဆယ်လော့တီက အသက် ၃၁ နှစ်သား ကာဗာဂျယ်နေရာမှာ အစားထိုးချင်နေပါတယ်။

ဂျိမ်းစ်ဘက်က ချဲလ်ဆီးအသင်းဆီကနေ ထွက်ခွာမလားဆိုတာ မသိရသေးပဲ အသက် ၂၃ နှစ်သားဟာ ကလပ်အသင်းအကယ်ဒမီကနေတစ်ဆင့် အက်စ်ပီလီကျူတာထွက်ခွာမှုနဲ့အတူ အခုနှစ်နွေရာသီတုန်းက အသင်းခေါင်းဆောင်ရာထူးကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျိမ်းစ် နဲ့ ဝေါ်ကာတို့ဟာ တနင်္ဂနွေနေ့မှာ တွေ့ဆုံကြမှာဖြစ်ပြီး ချဲလ်ဆီးက မန်စီးတီးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#မန်စီးတီး #ချဲလ်ဆီး #ရီစီဂျိမ်းစ် #ပရီးမီးယားလိဂ် ဝေါ်ကာ