ရှေ့သို့
Image

အင်္ဂလန်အသင်းရဲ့ခေါ်ယူမှုကို ပယ်ချလိုက်တဲ့ ချဲလ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်

11:10 AM, 10 November

ချဲလ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်က အင်္ဂလန်အသင်းရဲ့ယူရို ၂၀၂၄ လူစာရင်းကနေ နုတ်ထွက်ခဲ့ပြီး ချဲလ်ဆီးအသင်းမှာပဲ ကြံ့ခိုင်မှုပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။

ချဲလ်ဆီးအသင်းခေါင်းဆောင်ဟာ ဒဏ်ရာပြဿနာတွေနဲ့ နပန်းလုံးနေရပြီး ကြံ့ခိုင်မှုပြန်လည်တည်ဆောက်နေရကာ ဆောက်ဂိတ်က မော်လ်တာ၊ မြောက်မက်ဆီဒိုးနီးယားတို့နဲ့ ကန်မယ့်ပွဲတွေ အတွက် ညာနောက်ခံလူနေရာမှာ ဂျိမ်းစ်ကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကြာသပတေးနေ့တုန်းက ပြောကြားမှုမှာ ဆောက်ဂိတ်က ဂျိမ်းစ်တစ်ယောက် အင်္ဂလန်အသင်းရဲ့ခေါ်ယူမှုကို ပယ်ချခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

“ဂျိမ်းစ်တစ်ယောက် ပူးပေါင်းလာဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် သူအဆင်သင့်မဖြစ်သေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်အဲ့တာကို နားလည်ပါတယ်။ သူ့မှာ ဒဏ်ရာပြဿနာတွေအများကြီး ရှိနေတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ လေးစားမှုနဲ့ ပတ်သက်ပြီး သူသတိထားပါတယ်။ ဒါပေမယ့် ကျွန်တော်ဘာကြောင့်လဲဆိုတာ နားလည်ပါတယ်။ သူ့မှာအရည်အချင်းတွေရှိပေမယ့် အဲ့တာက အလျင်စလိုလုပ်သလိုဖြစ်နေပါတယ်။ ယူရိုမတိုင်ခင်မှာ သူတခါလားပဲလူစာရင်းထဲပါဝင်ခွင့်ရခဲ့ပါတယ်။ သူအဲ့တာကို သိပါတယ်။ သူဘာလုပ်နိုင်လဲဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ ယုံကြည်မှုရှိပါတယ်။ ကျွန်တော်တို့ အဲ့တာကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူက အရမ်းကို ရှင်းရှင်းလင်းလင်းလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ကြားမှာ ရှည်လျားတဲ့ပြောကြားမှုတွေ ရှိခဲ့ပြီး အပြန်အလှန်ဖလှယ်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် နားလည်လိုက်တာက သူ့မှာဒဏ်ရာပြဿနာ မှတ်တမ်းရှိနေပါတယ်။ မင်းအနေနဲ့ သူဘယ်လောက်လွဲချော်ခဲ့လဲဆိုတာကို မြင်နိုင်ပါတယ်။ သူသာ ကြံ့ခိုင်မှုပြည့်ဝရင် ပွဲဆက်တွေကစားနိုင်မယ်ဆိုတာ ကျွန်တော် သတိထားမိပါတယ်။ ရုပ်ပိုင်းဆိုင်ရာက အရမ်းအရေးကြီးပါတယ်။ ကစားသမားတစ်ဦး အနေနဲ့ သူလုပ်နိုင်စွမ်းကို စီမံနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကြံ့ခိုင်မှုပြည့်ဝရင် သူရက်ဆက်ကစားနိုင်မယ်လို့ ထင်ပါတယ်။ သူ့ဘက်က ကြည့်ရင်တော့ အခုခေါ်ယူမှုက စွန့်စားရာကျနေပါတယ်။ ကျွန်တော်အဲ့တာကို သိပါတယ်။ ကျွန်တော်တို့အားလုံး သူ့ကိုချစ်ပါတယ်။ ကျွန်တော်နဲ့ သူနဲ့ကြားမှာ ပြီးပြည့်စုံတဲ့ပြောဆိုမှုတွေရှိခဲ့ပါတယ်”လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းလူစာရင်းမှာ အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်လည်း ပါဝင်လာခဲ့ပြီး လန်ဒန်ကလပ်မှာတော့ ရမ်စ်ဒေးလ်ဟာ ရာယာကို နေရာလွှဲပေးခဲ့ရတာဖြစ်ပါတယ်။

#အင်္ဂလန် #ချဲလ်ဆီး #ရီစီဂျိမ်းစ်