ရှေ့သို့
Image

ဒဏ်ရာအတွက် ခွဲစိတ်ကုသဖို့ ခံယူရဖွယ်ရှိနေတဲ့ ရစ်ချာလီဆန်

11:17 AM, 8 November

တော့တင်ဟမ်ရဲ့ ဒဏ်ရာကစားသမားစာရင်းတွေ တိုးလာတာဖြစ်ပြီး မကြာမီကာလအတွင်းမှာ သူရဲ့ တင်ပါးဆုံရိုးကို ခွဲစိတ်ကုသမှု ခံယူရလိမ့်မယ်လို့ ရစ်ချာလီဆန်က အတည်ပြုခဲ့ပါတယ်။

တော့တင်ဟမ်ဟာ နည်းပြသစ် ပိုစတီကိုဂလူရဲ့ လက်ထက်တွင် ရာသီအစကို အကောင်းဆုံး စတင်နိုင်ခဲ့ပြီး ပထမဆုံး ပရီးမီးယားလိဂ် ၁၁ ပွဲတွင် ၈ ပွဲ အနိုင်ရကာ ဇယားထိပ်က မန်စီးတီးနောက် တစ်မှတ်အကွာတွင် ရပ်တည်နိုင်ခဲ့ပါတယ်။ သို့သော်လည်း တနင်္လာနေ့မှာတော့ ချဲလ်ဆီးကို အိမ်ကွင်းမှာ ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ရိုမဲရိုးနှင့် အူဒိုဂီတို့ဟာ ချဲလ်ဆီးနှင့်ပွဲမှာ ထုတ်ပယ်ခြင်းခံခဲ့ရတာကြောင့် ပြစ်ဒဏ်များကို ကျခံရတော့မှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်တွင် အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ မစ်ကီဗန်ဒီဗန် (တံကောက်ကြောဒဏ်ရာ) နှင့် ဂျိမ်းမက်ဒီဆင် (ခြေကျင်းဝတ်) တို့ကိုပါ ဆုံးရှုံးခဲ့ရပါတယ်။

၄ - ၁ ဂိုးဖြင့် ရှုံးနိမ့်နေတဲ့အချိန် အသင်းကို အပြောင်းအလဲလုပ်ရန် ကြိုးစားစဉ် ပိုစတီကိုဂလူဟာ ရစ်ချားလီဆန်ကို အရန်ခုံမှာသာ ထားခဲ့ပါတယ်။ ယခုအခါတွင် ကစားသမားဟာ တင်ပါးဆုံဒဏ်ရာဖြင့် ရုန်းကန်နေရကာ ခွဲစိတ်မှုပြုလုပ်ရန် စီစဉ်နေကြောင်း သိရပါတယ်။ နို၀င်ဘာလတုန်းက ဘရာဇီးအသင်းလူစာရင်းကနေ ထွက်ခဲ့ရပြီးနောက်မှာတော့ သူက ပြောကြားခဲ့တာပါ။

"ပြီးခဲ့တဲ့လအနည်းငယ်က ကျွန်တော့်အတွက် မလွယ်ကူခဲ့ပါဘူး။ ကျွန်တော့်မှာ ကျန်းမာရေးပြဿနာရှိခဲ့ဖူးပါတယ်။ ဆရာဝန်တွေနဲ့ စကားပြောခဲ့ပြီး မကြာခင်မှာ ခွဲစိတ်ရလိမ့်မယ်" "ကျွန်တော့်ဟာ ဝေဒနာကို ၈ လကြာခံစားရင်း နိုင်ငံအသင်းနဲ့ ကလပ်အတွက်ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲ ကစားပေးခဲ့တာကြောင့် အနားယူဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။ စက္ကန့်ပိုင်းလောက် ရပ်တန့်ဖို့ ကျွန်တော် စဉ်းစားရပါမယ်။ ရက်အနည်းငယ်အတွင်းနဲ့ မကြာခင်မှာ ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်အောင် လုပ်မှာပါ" လို့ ရစ်ချာလီဆန်က ESPN သို့ ပြောကြားခဲ့ပါတယ်။

ရစ်ချာလီဆန်ဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် အဲဗာတန်မှ တော့တင်ဟမ်သို့ ပေါင်သန်း ၆၀ ဖြင့် ပြောင်းရွှေ့လာပြီးနောက် လက်ရှိကလပ်အတွက် ပရီးမီးယားလိဂ် ၃၇ ပွဲကစားကာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ တိုက်စစ်မှုးဟာ ရှက်ဖီးယူနိုက်တက်အား အနိုင်ရတဲ့ပွဲတွင် ဂိုးမသွင်းယူမီ စက်တင်ဘာလတုန်းက စိတ်ပိုင်းဆိုင်ရာ အကူအညီရယူမယ်လို့ ဝန်ခံခဲ့ပါတယ်။

ဘရာဇီးသားကတော့ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရယူရန် စိတ်ပိုင်းဖြတ်ထားပါတယ်။ သူဟာ အဲဗာတန်အသင်းနဲ့ နောက်ဆုံးရာသီမှာ သွင်းဂိုး ၁၀ ဂိုးသွင်းယူကာ ၅ ဂိုးဖန်တီးပေးထားခဲ့ပြီး အထူးသဖြင့် ဟယ်ရီကိန်းရဲ့ နွေရာသီအပြောင်းအရွှေ့တွင် ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ပြီးနောက်မှာ သူ့ရဲ့ပုံစံအတိုင်း မြောက်လန်ဒန်မှာ လုပ်ဆောင်လိုနေတာဖြစ်ပါတယ်။

သို့သော်လည်း လာမယ့်ပွဲစဉ်တွေမှာ ရစ်ချာလီဆန် မကစားနိုင်ခြင်းက ပိုစတီကိုဂလူအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ အထက်ဖော်ပြပါ ဒဏ်ရာရကစားသမားများအပြင် ပါရီဆစ် (ဒူး)၊ ဆော်လ်မွန် (ဒူးခေါင်း)၊ ဆက်ဆီဂွန် (တံကောက်ကြောဒဏ်ရာ)၊ ဗန်ဒေးဘိစ် (ခြေကျင်းဝတ်) နဲ့ ဝှိုက်မန်း (ခြေကျင်းဝတ်) တို့ကိုလည်း သြစတြေးလျသားက လက်လွှတ်ထားရမှာဖြစ်ပါတယ်။

သူ့ရဲ့ ဘရာဇီးအသင်းကနေ ထွက်ခွာခဲ့ရကြောင်း သိလိုက်ရချိန်မှာ ဝမ်းနည်းမိပေမယ့် နေရာကို ပြန်ရဖို့ ရစ်ချားလီဆန်က စိတ်ပိုင်းဖြတ်ထားပါတယ်။ ကျွန်တော်ကစားရမှာပေါ့။ နောက်ပြီး ပြန်ကောင်းလားပါလာမှာပါ။ ကျွန်တော်က ရာနှုန်းပြည့်ဖြစ်ရမယ်။ နည်းပြက မှန်ကန်တဲ့ရွေးချယ်မှုလို့ လုပ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်" "အသင်းရဲ့ ကစားသမားတွေက အကောင်းဆုံးလုပ်နေကြပြီး ဒါကြောင့် ဆက်လက်လုပ်ဆောင်ဖို့က ကျွန်တော့်အပေါ်မှာ မူတည်နေပါတယ်။ ကျွန်တော် သေချာပေါက် ပြန်လာမှာပါ။ မတော်တဆအခွင့်အရေးကြောင့် ဒီကို ရောက်လာတာမဟုတ်ပါဘူး။ နေ့တိုင်း ကြိုးစားပြီး တော့တင်ဟမ်မှာ စည်းချက်ကျကျနဲ့ နေ့တိုင်း လုပ်ရမှာပါ။ လက်ရွေးစင် အသင်းရဲ့ခေါ်ယူမှုကို မျှော်လင့်နေပေမယ့် အနားယူဖို့ အချိန်ရောက်ပြီလို့ ခံစားမိပါတယ်" လို့ ကစားသမားက ပြောပါတယ်။

#တော့တင်ဟမ် #ရစ်ချာလီဆန် #ပရီးမီးယားလိဂ် #ပိုစတီကိုဂလူ