ရှေ့သို့
Image

အာဆင်နယ်နဲ့ပွဲက နယူးကာဆယ်ရဲ့အနိုင်ဂိုးအကြောင်း ရှင်းပြလိုက်တဲ့ ဒိုင်လူကြီးဟောင်း ဒါမွတ်ဂယ်လာဟာ

12:53 PM, 5 November

ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ဒါမွတ်ဂယ်လာဟာက နယူးကာဆယ်ရဲအနိုင်ဂိုးဟာ ခွင့်ပြုသင့်တယ်လို့ ရှင်းပြလိုက်ပြီး ဘာကြောင့်လဲဆိုတော့ ဘောလုံးတစ်ခုလုံးက စည်းမျည်းပေါ်မှာရှိမနေတာမျိုးမဟုတ်ခဲ့ဘူးလို့ မြင်ခဲ့ရတာဖြစ်ပါတယ်။

နယူးကာဆယ်ဟာ အဆိုပါအငြင်းပွားဖွယ်ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အာဆင်နယ်ဘက်က ဝီလ်လော့ခ်မယူခင်မှာ ဂိုးစည်းကျော်ခဲ့တယ်လို့ ပြောဆိုနေတာဖြစ်ပါတယ်။ ဂယ်လာဟာက VAR ဘက်က ပြန်လည်ကြည့်ရှုခဲ့ပေမယ့် ဘောလုံးက စည်းကျော်လား မကျော်ဘူးလားဆိုတာ မသေချာခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ဘောလုံးတစ်ခုလုံးက စည်းမျည်းအပြင်မှာရှိနေပါတယ်။ အဲ့ထောင့်ကနေ ကြည့်မယ်ဆိုရင် မြင်နိုင်ပါတယ်။ အဲ့တာက ပြောဖို့ ခက်ပါတယ်။ ထောင့်ကန်ဘောနေရာကနေ ကြည့်ရင် ဘောလုံးက ကျော်သလိုဖြစ်နေပေမယ့် သူတို့က ဆက်ကစားခွင့်ပြုခဲ့ပါတယ်။ အဲ့နေရာမှာ  ပြဿနာရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့က ဘောလုံးက စည်းကျော်နေလားဆိုတာ သေချာမကြည့်ပါဘူး။ ဒါကြောင့် ဘောလုံးက စည်းကျော်နေပြီဆိုတဲ့ သက်သေမရှိပါဘူး”လို့ ဂယ်လာဟာက ပြောကြားခဲ့ပါတယ်။

ရစ်ချက်ကီး နဲ့ အန်ဒီဂရေးတို့က beIN Sports မှာ ပုံနဲ့တကွ ဘောလုံးက စည်းမကျော်ခဲ့ဘူးဆိုတာကို သေချာလေးပြသခဲ့ပါတယ်။

“နည်းနည်းလေးတော့ ထိနေပါတယ်”လို့ ဂရေးက ပြောကြားခဲ့ပါတယ်။ အဲ့နောက် ကီးက “သေချာတဲ့ရှုထောင့်ကနေ မဟုတ်ပဲ ဒီလိုမျိုးဘောလုံးက စည်းကျော်လား မကျော်ဘူးလားဆိုတာ ပြောဖို့ ခက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဂိုးစည်းကျော်တာ မကျော်တာအပြင် နောက်ထပ် ၂ ချက်လည်းရှိနေပြီး ပထမတစ်ချက်က ဂါဘရီရယ်ကို ဂျိုလင်တန် တွန်းထားခဲ့တာက ပြစ်ဒဏ်ဘောဖြစ်သလို နောက်တစ်ချက်က ဂေါ်ဒွန်တစ်ယောက် လူကျွံအနေအထားမှာရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကတော့ ဂေါ်ဒွန်ရဲ့ဂိုးကို ခွင့်ပြုလိုက်တာနဲ့ပတ်သက်ပြီး ဒေါသထွက်နေပါတယ်။ “ဒီလိုဂိုးကို ဘာကြောင့် ဂိုးပေးလိုက်ရတာလဲ။ အဲ့တာက တကယ့်အံ့ဖွယ်ပါ။ ကျွန်တော် ရှက်သလို ခံစားရပါတယ်။ ဒီလုပ်ရက်က ရှက်စရာပါ။ အကြောင်းအရာများစွာကြောင့် ဂိုးမပေးသင့်ပါဘူး။ ဒီလိုအဆင့်မျိုးနဲ့ပြိုင်ဆိုင်ရဖို့ဆိုတာ ခက်ခဲပါတယ်။ အကောင်းဆုံး လိဂ်လို့ဖော်ပြခံထားရတဲ့လိဂ်မှာ ဒီလိုဒိုင်တွေရှိတာက တော်တော်ဆိုးပါတယ်။ ကျွန်တော် ဒီအပိုင်းနဲ့ပတ်သက်ပြီး စိတ်ပျက်မိပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #နယူးကာဆယ် #ဂယ်လာဟာ #ပရီးမီးယားလိဂ်