ရှေ့သို့
Image

ကွင်းလယ်ပိုင်းအတွက် မော်ရိုကိုစတား အမ်မရာဘတ်ကို ခေါ်ယူရန် ဆန္ဒရှိနေတဲ့ ယူနိုက်တက်

2:29 PM, 12 July

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းအချို့ ပြန်လည်ပြသကာ အမှတ်ပေးဇယား အဆင့် ၃နေရာတွင် ရပ်တည်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရရန်စွမ်းဆောင် လာနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ကွင်းလယ်ပိုင်းအတွက် ပြင်ဆင်နေပြီး ဖီအိုရင်တီးနား အသင်းရဲ့ မော်ရိုကိုလက်ရွေးစင် ကွင်းလယ်ကစားသမား အမ်မရာဘတ်ကို ခေါ်ယူရန် ပစ်မှတ်ထားလာတာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ကွင်းလယ်ပိုင်းအတွက် မေဆင်မောင့်ကိုလည်း ခေါ်ယူထားခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းအပြင် လီဗာပူးအသင်းကပါ ချဲလ်ဆီး ကွင်းလယ်တိုက်စစ်ကစားသမားအတွက် ခေါ်ယူရန် စိတ်ဝင်စားမှု ပြသခဲ့ကြပေမဲ့ ထိရောက်တဲ့ ကမ်းလှမ်းမှုမျိုး မလုပ်ဆောင်ခဲ့ကြသလို ယူနိုက်တက်အသင်းက နှာတစ်ဖျား အသာရယူကာ အရခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာတို့ကလည်း အမ်မရာဘတ်ကို ခေါ်ယူရန် ချိတ်ဆက်မှု ပြုလုပ်ထားခဲ့ကြပြီး ယူနိုက်တက်အသင်းကပါ မော်ရိုကိုအသင်းနဲ့ အတူ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာ ခြေစွမ်းပြကစားခဲ့တဲ့ အမ်မရာဘတ်ကို မန်ချက်စတာမြေသို့ အရောက်ခေါ်ဆောင်ရန် ခြေလှမ်းစတင်လာတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဥရောပ ထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ်ကစားသမားဖြစ်လာတဲ့ အမ်မရာဘတ်အတွက် တရားဝင်ကမ်းလှမ်းမှု တစ်စုံတစ်ရာ မရောက်သေးတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဖီအိုရင်တီးနားအသင်းရဲ့ ဥက္ကဌဖြစ်သူ ဂျိုးဘာရွန်းက “ကျွန်တော်တို့ အမ်မရာဘတ်အတွက် ဘာကမ်းလှမ်းမှု တစ်စုံတစ်ရာမှ လက်ခံထားရတာမျိုး မရှိသေးပါဘူး။ သူက ဒီအသင်းမှာသာ ဆက်နေရဖို့များပါတယ်” လို့ ပြောဆိုထားခဲ့ဖူးတာ ဖြစ်ပါတယ်။

အမ်မရာဘတ်အတွက် ဖီအိုရင်တီးနား အကြီးအကဲတွေဘက်က ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရိုသန်း ၃၀ခန့် တောင်းဆိုထားပြီး ဖီအိုရင်တီးနားအသင်းက ၂၀၂၀ခုနှစ် ဇန်နဝါရီလတွင် အမ်မရာဘတ်ကို ပြောင်းရွှေ့ကြေး ယူရို ၁၉.၅သန်း ဖြင့် ခေါ်ယူထားခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖီအိုရင်တီးနား #အပြောင်းအရွှေ့ #မော်ရိုကို အမ်မရာဘတ်