ရှေ့သို့
Image

ကင်မရွန်းအသင်းအတွက် ကိုယ်စားပြုကစားမယ့် ယူနိုက်တက်စတား အိုနာနာ

8:29 AM, 2 November

နိုင်ငံအသင်းကနေ နုတ်ထွက်ထားပေမယ့် ယူနိုက်တက်စတား အိုနာနာတစ်ယောက် ၂၀၂၄ အစောပိုင်းမှာကစားမယ့် အာဖရိကနေးရှင်းလိဂ်ဖလားအတွက် ကင်မရွန်းအသင်း အတွက် ကိုယ်စားပြုကစားမယ်လို့ သိရပါတယ်။ အဆိုပါပြိုင်ပွဲကို ဇန်နဝါရီကနေ ဖေဖော်ဝါရီအထိ ကျင်းပမှာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ အိုနာနာမပါပဲ ၇ ပွဲလောက် ကစားရဖွယ်ရှိနေပါတယ်။

သတင်းတွေအရ အိုနာနာဟာ လာမယ့်ပြိုင်ပွဲမှာ ပါဝင်ကစားချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အိုနာနာဟာ ကမ္ဘာ့ဖလားမှာ နည်းပြ ရီဂိုဘတ်ဆောင်းနဲ့ ပြဿနာတက်ခဲ့ပြီးနောက် ဒီဇင်ဘာတုန်းက နိုင်ငံအသင်းကနေ အနားယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် စက်တင်ဘာတုန်းက ဘရန်ဒီအသင်း၊ ပြီးခဲ့တဲ့လတုန်းက ဆီနီဂေါအသင်းနဲ့ ပွဲတွေတုန်းက ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အသက် ၂၇ နှစ်သားဟာ အဆိုပါပြိုင်ပွဲမှာပါဝင်ချင်နေတယ်လို့ သိရပြီး ယူနိုက်တက်အတွက်တော့ ခေါင်းခဲစရာဖြစ်လာပါတယ်။

“လက်ရှိအချိန်မှာ သူပွဲတိုင်း ပါဝင်ကစားချင်နေပြီး နိုင်ငံအသင်းမှာ ပါဝင်ချင်နေပါတယ်”လို့ ကစားသမားနဲ့ နီးစပ်တဲ့သူက ပြောကြားခဲ့ပါတယ်။

ကင်မရွန်းအသင်းအနေနဲ့ ဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့မယ်ဆိုရင် အိုနာနာအနေနဲ့ ပရီးမီးယားလိဂ် ၄ ပွဲ ၊ အက်ဖ်အေဖလား ၂ ပွဲနဲ့ ကာရာဘောင်ဆီမီးဖိုင်နယ်ပွဲတွေကို  လွဲချော်နိုင်ပါတယ်။ အာဖရိကဖလားပြိုင်ပွဲဟာ ဇန်နဝါရီ ၁၃ ကနေ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အိုနာနာနေရာ အတွက် ဘာယင်ဒါကို ခေါ်ယူထားခဲ့ပြီးဖြစ်ကာ တွမ်ဟီတန်လည်းရှိနေပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာတုန်းက ဆောင်းနဲ့ အချေအတင်စကားများခဲ့ပြီးနောက် အသင်းကနေ နုတ်ထွက်ခဲ့တာဖြစ်ပြီး အခုတော့ ပြန်လည်ပါဝင်ကစားတော့မှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အိုနာနာ #ကင်မရွန်း #ပရီးမီးယားလိဂ်