ရှေ့သို့
Image

ရှက်တာဒိုးနက်နဲ့ ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှ ဒဏ်ရာကြောင့် အယ်ကလပ်စီကိုပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတဲ့ ဂျာအိုဖီးလစ်

3:50 PM, 28 October

နည်းပြ ဇာဗီရဲ့ ဒုတိယမြောက် ဘောလုံးရာသီအတွင်းမှာပဲ လာလီဂါ ချန်ပီယံဆုဖလား ကိုင်မြောက်နိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းက ယခုနှစ်ဘောလုံးရာသီမှာ ချန်ပီယံဆု ကာကွယ် နိုင်ရေးအတွက် တိုက်စစ်ပိုင်းဖြည့်တင်းမှုအဖြစ် ခေါ်ယူထားတဲ့ ဂျာအိုဖီလစ်က ချန်ပီယံဆုအတွက် အရေးပါတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့်ပွဲစဉ်ကို ချန်ပီယံလိဂ်ပွဲစဉ်မှ ဒဏ်ရာကြောင့် လွဲချော်သွားနိုင်ခြေရှိနေတာပဲ ဖြစ်ပါတယ်။

မက်ဒရစ်ကလပ်အနေဖြင့် ဂျာအိုဖီးလစ်ကို ခေါ်ယူနိုင်ရေးအတွက် ပေါင် ၁၀၈ သန်း အထိ ပြောင်းရွှေ့ကြေး မြင့်မားစွာ အသုံးပြုခဲ့ရပေမဲ့ ကစားသမားက မက်ဒရစ်မြေတွင် ခြေစွမ်းပြကစားနိုင်ခြင်း မရှိတဲ့အပြင် နည်းပြ ဆီမြွန်နီနဲ့ပါ သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းကို အငှားချထားခဲ့တာလည်း ဖြစ်ပါတယ်။

လန်ဒန်ကလပ်အသင်းက အပြီးခေါ်ယူရန် ကမ်းလှမ်းမှု မပြုလုပ်ခဲ့တာကြောင့် ကစားသမားအနေဖြင့် ကလပ်အသင်းရှာဖွေခဲ့ရပြီး ငယ်ဘဝအိမ်မက်ကလပ် ဘာစီလိုနာအသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

စပိန်မြေတွင် စတင်ရောက်လာခဲ့တဲ့ ၂၀၁၉ - ၂၀၂၀ ပွဲဦးထွက်ရာသီတွင် ဂျာအိုဖီးလစ်အနေဖြင့် ပွဲစဉ် ၂၇ ပွဲပါဝင်ကစားပေးခွင့်ရခဲ့ရာမှာ ပွဲကစားချိန် ၁၇၅၅မိနစ်တွင် သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ပေးနိုင်ခဲ့ပြီး ၃ နှစ်အကြာ လာလီဂါကစားသမားဘဝ စုစုပေါင်း ပွဲစဉ် ၁၀၀ ပြည့်မြောက်ချိန်တွင် သွင်းဂိုး ၂၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

နည်းပြ ဇာဗီရဲ့ ဘာစီလိုနာအသင်းက အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အယ်ကလက်စီကို ပွဲစဉ်ကစားအပြီးတွင် ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ နိုဝင်ဘာလ ၄ ရက်နေ့တွင် ယှဉ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။ 


#ဘာစီလိုနာ #ဘာစီလိုနာ #ရှက်တာဒိုးနက်