ရှေ့သို့
Image

ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာသေးတဲ့ ချဲလ်ဆီးအသင်းခေါင်းဆောင် ရိစ်ဂျိမ်းစ်

10:54 AM, 28 October

ချဲလ်ဆီးအသင်းခေါင်းဆောင် ရိစ်ဂျိမ်းစ်တစ်ယောက် လာမယ့်ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်နိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

အသက် ၂၃ နှစ်သားဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂ ပွဲသာ ပါဝင်ခွင့်ရရှိထားပြီး လီဗာပူးအသင်းနဲ့ရာသီအဖွင့်ပွဲ ၊ အာဆင်နယ်အသင်းနဲ့ပွဲမှာ အရန်ခုံကနေ ပါဝင်ခွင့်ရရှိထားပါတယ်။

အင်္ဂလန်သားဟာ ဒီရာသီအသင်းရဲ့ပွဲတော်တော်များများကို ဒဏ်ရာအခြေအနေတွေကြောင့် လွဲချော်ခဲ့တာဖြစ်ပြီး အခုအစောပိုင်းတုန်းက ပြန်လာနိုင်ဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။

ညာနောက်ခံကစားသမားဟာ စနေနေ့မှာကစားမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပါဝင်လာနိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။

“နိုး သူပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။ သူအဆင်ပြေအောင် လုပ်နေတယ်လို့ ထင်ပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်မှာ ကောင်းကောင်းလုပ်ဆောင်နေပါတယ်။ ပြန်လာနိုင်ဖို့ နီးစပ်နေပါပြီ။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ သူအရန်ခုံမှာတော့ ပါဝင်လာနိုင်မှာပါ”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။ အန်ကူကူတစ်ယောက်လည်း ကြံ့ခိုင်မှုပြန်လည်ပြည့်ဝဖို့ တွန်းအားပေးလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ပြန်လာာနိုင်လောက်ပါတယ်။ ဖြစ်နိုင်တာပါ။ ဒါပေမယ့် လုံးဝအသေချာကြီးမဟုတ်ပါဘူး”လို့  ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းမှာ ဖိုဖာနာ ၊ ဘန်ချီဝဲလ် ၊ လီဗီယာ ၊ ဘရိုဂျာ ၊ ချူကွာမီကာ နဲ့ အန်ကူကူတို့ဒဏ်ရာရရှိနေဆဲဖြစ်ပါတယ်။

“ကျွန်တော်တို့ ရလဒ်အကြောင်း စွမ်းဆောင်ရည်ပိုင်းအကြောင်းပြောပေမယ့် ကစားသမားတွေပြန်လာနိုင်ဖို့ တိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ ကျွန်တော်တို့ သန်မာတဲ့အသင်းတစ်သင်းတည်ဆောက်ချင်တာပါ။ စိတ်ပိုင်းဆိုင်ရာလည်းအတူတူပါပဲ။ 

ကျွန်တော်တို့က ချဲလ်ဆီးပါ။ ကျွန်တော်တို့တာဝန်က အနိုင်ကန်ဖို့ဆိုတာ သိပါတယ်။ ဒိရာသီမှာ ကျွန်တော်တို့ လိုချင်တာကို လုပ်နိုင်အောင်လုပ်ဖို့က ခက်ခဲမှာဖြစ်ပေမယ့် ကြိုးစားရမှာပါ”လို့ ပိုချက်တီနိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ရီစီဂျိမ်းစ် #ပိုချက်တီနို