ရှေ့သို့
Image

တိုင်လီမန်းစ် အဆင်မပြေခဲ့ရင် အခြားရွေးချယ်ရမယ့်ပစ်မှတ်ကို ပြောပြလိုက်တဲ့ ပေါလ်မာဆင်

10:04 AM, 9 July

အာဆင်နယ်ဂန္ထဝင်ဟောင်း ပေါလ်မာဆင်က အသင်းဟောာင်းအနေနဲ့ လက်စတာကွင်းလယ်လူ တိုင်လီမန်းစ်ကို လက်လွှတ်ခဲ့ရမယ်ဆိုရင် အခြားပစ်မှတ်တစ်ဦးကို ရွေးချယ်သင့်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ လက်စတာကွင်းလယ်လူကို ချိတ်ဆက်နေဆဲဖြစ်ပေမယ့် တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရသေးတာဖြစ်ပါတယ်။ လာဇီယိုကွင်းလယ်လူ မီလန်ကိုဗစ်ဆာဗစ်ကို ချိတ်ဆက်နေပေမယ့် အဆင်မပြေသေးတာဖြစ်ပါတယ်။ ဒါပေမယ့် မာဆင်က  တိုင်လီမန်းစ်ကိုမရခဲ့ရင် အသင်းဟောင်းအနေနဲ့ ဆောက်သမ်တန် ကွင်းလယ်လူ ဝက်ပရောက်စ်ကို ဦးစားပေးစေချင်ပါတယ်။

“တိုင်လီမန်းစ်အဆင်မပြေခဲ့ရင် အာဆင်နယ်အနေနဲ့ ဝက်ပရောက်စ်ကို ခေါ်ယူသင့်ပါတယ်။ သူ့ကို ဝက်စ်ဟမ်းအသင်းက အလိုရှိနေပါတယ်။ သူ့အသင်းအထက်မှာ ရပ်တည်ခဲ့တာကြောင့် အသင်းပြောင်းနိုင်ချေလည်းရှိနေပါတယ်။ ဒါပေမယ့် အာဆင်နယ်အနေနဲ့ တိုင်လီမန်းစ်မရရင် သူ့ကိုခေါ်သင့်ပါတယ်။ တိုင်လီမန်းစ်ကတော့ အာဆင်နယ်အတွက် အသင့်လျော်ဆုံးဆိုပေမယ့် တကယ်လို့မပြေခဲ့ရင် သူကရွေးချယ်ရမယ့်ကစားသမားမျိုးပါ။ ဆာဗစ်ကလည်း အာဆင်နယ်အတွက် အဆင်ပြေနိုင်ပါတယ်။ သူတို့ ၂ ဦးစလုံးကိုသာရခဲ့မယ်ဆိုရင် အာဆင်နယ်အတွက် တကယ်ကောင်းမှာပါ။ အာဆင်နယ်က ထိပ်တန်းကွင်းလယ်လူလိုအပ်နေတာပါ။ ဆာဗစ်က အီတလီမှာ အကောင်းဆုံးကွင်းလယ်လူတစ်ဦးပါ။ ဘာကြောင့်အသင်းတွေက မဝယ်တာလဲဆိုတာ နားမလည်နိုင်ဖြစ်ရပါတယ်။ တိုင်လီမန်းစ်က ပရီးမီးယားလိဂ်မှာ အထိုင်ကျပြီးသားပါ။ ဆာဗစ်ကတော့ အထိုင်ကျဖို့ အချိန်လိုအပ်ဦးမှာပါ။ အာတီတာက ဘယ်ကစားသမားလိုချင်လဲဆိုတာ ကျွန်တော်သေချာမသိပေမယ့် ထိပ်တန်းကွင်းလယ်လူတစ်ဦးကို အာဆင်နယ် လိုအပ်နေတာ သေချာပါတယ်။ အသင်းက ဂျီးဆပ်စ်ကိုခေါ်ထားနိုင်ခဲ့ပါပြီ။ အဲ့တာက တကယ်ကောင်းတဲ့ခေါ်ယူမှုပါ။ မန်စီးတီးက သူ့ကိုမရောင်းလောက်ဘူးထင်တာပါ။ ဒါပေမယ့် အာတီတာ နဲ့ ဂွါဒီယိုလာတို့က ရင်းနှီးတာကြောင့် အပြောင်းအရွှေ့ဖြစ်လာခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ မာဆင်က ပြောကြားခဲ့ပါတယ်။

#အာဆင်နယ် #တိုင်လီမန်စ် #ပေါလ်မာဆင်