ရှေ့သို့
Image

အင်စတာဂရမ်မှာ ပုံတင်ရင်း ထူးထူးဆန်းဆန်း မက်ဆေ့တစ်ခု ရေးသားလိုက်တဲ့ ဂျိမ်းစ်

1:57 PM, 19 October

အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီရဲ့ ပိုင်ဆိုင်မှုနဲ့အတူ ထိပ်တန်းကစားသမားအချို့ကို တန်းကြေး မြင့်မားစွာ ပေးချေခေါ်ယူထားခဲ့ပေမဲ့ ရလဒ်ပိုင်းအားနည်းက ဥရောပဝင်ခွင့်တွေနဲ့ လွဲချော် ခဲ့ရတဲ့ ချဲလ်ဆီးအသင်းရဲ့ အားထားရတဲ့ နောက်တန်းအစွန်ကစားသမား ရီစီဂျိမ်းစ်က ဒဏ်ရာကြောင့် ချဲလ်ဆီးအသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်နေချိန်မှာ ပို့စ်တင်ကာ ထူးခြားတဲ့စာသားတစ်ခု ရေးသားလိုက်တာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့ ရာသီတွင် နည်းပြ တူချယ်၊ နည်းပြ ပေါ့တာတို့အပါဝင် နည်းပြ အပြောင်းအလဲများစွာပြုလုပ်ခဲ့သလို ရလဒ်ပိုင်း သိသိသာသာ အားနည်းခဲ့ကာ ဥရောပ ဝင်ခွင့်နေရာအားလုံးနဲ့ လွဲချော်ခဲ့တာကြောင့် ပွဲပန်းမှုနည်းပါးနေပြီး ယခုနှစ်မှာ နည်းပြ ပိုချက်တီနိုရဲ့ ဦးဆောင်မှုနဲ့အတူ ဥရောပ ဝင်ခွင့်တစ်နေရာရယူနိုင်ရန် ခြေလှမ်းစတင်နေတာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ကွင်းလယ်ပိုင်းတွင်လည်း အန်ဇိုဖာနန်ဒက်ဇ်နဲ့ တွဲဖက်ကစားရန်အတွက် ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီတွင် ဘရိုက်တန်အသင်းနဲးအတူ အထူးတလည် ခြေစွမ်းပြ ကစားကာ ဥရောပဝင်ခွင့်ရရေး အဓိက အခန်းခဏ္ဍကနေ ပါဝင်နိုင်ခဲ့တာကြောင့် ကလပ်အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လာတဲ့ ကိုင်စီဒိုအား မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပမာဏဖြင့် ခေါ်ယူထားတာလည်း ဖြစ်ပါတယ်။

နည်းပြပိုချက်တီနိုရဲ့ ချဲလ်ဆီးအသင်းက ကိုင်ဟားဗက်ဇ်နဲ့ မေဆင်မောင့်အပါအဝင် ပြီးခဲ့တဲ့နှစ်တွင် ပုံမှန်ပွဲထွက်ခွင့်ရထားခဲ့တဲ့ အဓိက ကစားသမားအချို့ကို ရောင်းထုတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ပွဲစဉ်အတော်များများကို လွဲချော်ထားတဲ့ ဂျိမ်းအနေဖြင့် ယခုအချိန်မှာ ကြွက်သားဒဏ်ရာကနေ သက်သာလာပြီဖြစ်တဲ့အကြောင်းကို အင်စတာဂရမ်တွင် ပုံတင်ရင်း ပရိသတ်တွေအား သတင်းစကားပြောရာမှာ ‘လောင်းကစားမှုတိုင်းကို ဆန့်ကျင်ပါ’ ဆိုတဲ့ စာသားကိုပါ ရေးသားပို့စ်တင်ခဲ့တာလည်း ဖြစ်ပါတယ်။ နည်းပြ ပိုချက်တီနိုအနေဖြင့် အသက် ၂၃ နှစ်အရွယ် နောက်တန်းအစွန်ကစားသမားကို လာမယ့် စနေနေ့တွင် အဓိက ပြိုင်ဘက် အာဆင်နယ်အသင်းနဲ့ ကစားရမယ့် လန်ဒန်ဒါဘီပွဲစဉ်အမီ ထည့်သွင်းနိုင်ရန် စိတ်အားထက်သန်နေတာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ရီစီဂျိမ်းစ် #ပရီးမီးယားလိဂ်