ရှေ့သို့
Image

လူကာကူကို အငှားနဲ့ ခေါ်ယူတော့မယ်ဆိုတဲ့ ကောလာဟလတွေအပေါ် ဖွင့်ဟလိုက်တဲ့ မော်ရင်ဟို

2:23 PM, 26 August

ချဲလ်ဆီးတိုက်စစ်မှူး လူကာကူနှင့် မကြာသေးမီက ချိတ်ဆက်မှုများနှင့် ပတ်သက်တဲ့ သတင်းတွေကို တိတ်တဆိတ်စောင့်ဆိုင်းနေတာဖြစ်ကြောင်း ရိုးမားနည်းပြ မော်ရင်ဟိုက ဝန်ခံခဲ့ပါတယ်။

ရိုးမားအသင်းဟာ လူကာကူကို ခေါ်ယူဖို့ အလားအလာရှိတဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ဖို့ကိုငြင်းပယ်ပြီး ရိုးမားသို့လာရောက်ဖို့ ဆန္ဒရှိနေပုံရပါတယ်။ အင်တာမီလန်မှာ ၁ နှစ်အကြာ အငှားသွားရောက်ကစားဖို့ ချဲလ်ဆီးက ခွင့်ပြုခဲ့ပြီးနောက် အပြီးသတ်အပြောင်းအရွှေ့ထက် အငှားခေါ်ယူမှုကသာ ဖြစ်လာဖွယ်ရှိနေပါတယ်။ မော်ရင်ဟိုဟာ ယခင်က ယူနိုက်တက်တွင် လူကာကူကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။

ယခုနွေရာသီတွင် ဆက်ဒါအက်ဇ်မူနွန်ကို ခေါ်ယူထားပြီးဖြစ်တဲ့ မော်ရင်ဟိုက ချဲလ်ဆီး တိုက်စစ်မှူးအား ခေါ်ယူမှုနဲ့ ပတ်သက်ပြီး မေးမြန်းရာတွင် "ဒါရိုက်တာက အက်ဇ်မူနွန်နဲ့ ပတ်သက်ပြီး ကျွန်တော့်ဆီ ကမ်းလှမ်းလာတဲ့အခါ နောက်တစ်ယောက်လည်းလာအုံးမယ်လို့ ပြောခဲ့ပါတယ်။ ကျန်တစ်ယောက်က အရည်အသွေးရှိတဲ့ တိုက်စစ်မှူးဆိုရင် ဘာလော့တီ၊ အက်ဇ်မူနွန်နဲ့ နောက်တစ်ယောက်ဆိုရင် ကျွန်တော်တို့ဆီမှာ တိုက်စစ်အတွက် ရွေးချယ်စရာ ကစားသမားကောင်းကောင်းတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်က တိတ်တဆိတ် စောင့်နေတာပါ။ အခုကျွန်တော်က မနက်ဖြန်အတွက်ကို တွေးနေမိပါတယ်၊ အဲ့ဒီအတွက် လုပ်ဆောင်နေပြီး၊ မျှော်လင့်မိပါတယ်" လို့ ပြောပါတယ်။

လူကာကူဟာ ချဲလ်ဆီးရဲ့ ယူ ၂၁ အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး ကလပ်အသင်းကလည်း သူတို့ရဲ့ အစီအစဉ်တွေမှာ မပါဝင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အတွက် ပြိုင်ပွဲစုံမှာ ၁၄ ဂိုး သွင်းယူခဲ့ပါတယ်။

လူကာကူဟာ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ အပြီးသတ်ပြောင်းရွှေ့ရန် မျှော်လင့်နေမှာဖြစ်ပြီး ဒါမှမဟုတ်ရင် သူဟာ ချယ်လ်ဆီးတွင် ပိတ်မိနေမယ့် အန္တရာယ်ရှိနေပါတယ်။

#ချဲလ်ဆီး #အပြောင်းအရွှေ့ #မော်ရင်ဟို #လူကာကူ