ရှေ့သို့
Image

တစ်နှစ်အတွင်း သွင်းဂိုးတစ်ဂိုး ထပ်မံရရှိခဲ့တာကြောင့် အုန်းအုန်းကျွက်ကျွက်အောင်ပွဲခံခဲ့ကြတဲ့ ဆန်မာရီနို ကစားသမားများ

12:54 PM, 18 October

ယနေ့နံနက်အစောပိုင်းက ယူရိုခြေစစ်ပွဲစဉ်အဖြစ် ဒိန်းမတ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဆန်မာရီနိုအသင်းဟာ အိမ်ကွင်းမှာ ၁-၂ ဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့သော်လည်း တစ်နှစ်အတွင်း သွင်းဂိုးတစ်ဂိုးထပ်မံရရှိခဲ့တာကြောင့် ဝရုန်းသုန်းကားအောင်ပွဲခံခဲ့ကြပါတယ်။

ဆန်မာရီနိုအတွက် သွင်းဂိုးကို ပွဲချိန် ၆၁ မိနစ်မှာ ကွင်းလယ်လူ ဂိုလင်နူချီက ဗော်လီကန်ချက်နဲ့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံအသင်းဖော်တွေက ဂိုးသွင်းယူပေးခဲ့တဲ့ ဂိုလင်နူချီဆီ ဝရုန်းသုန်းကားနဲ့ပြေးသွားကြပြီး အလွန်အကျူးအောင်ပွဲခံခဲ့ကြတာြဖစ်ပါတယ်။ သို့သော် ၎င်းတို့ရဲ့ချေပဂိုးဟာ ၉ မိနစ်လောက်ပဲ ခံခဲ့ပြီး ပွဲချိန် မိနစ် ၇၀ ဒိန်းမတ်ရဲ့ အနိုင်ဂိုးကိုပြန်လည် ခွင့်ပြုပေးခဲ့ရပါတယ်။

သို့သော် ဖီဖာရဲ့အဆင့်သတ်မှတ်ချက်မှာ အောက်ခြေကအသင်းတစ်သင်းဖြစ်တာကြောင့် ယခုလို ဒိန်းမတ်လိုအသင်းမျိုးကို သူတင်ကိုယ်တင်ကစားနိုင်ခဲ့တာက ဆန်မာရီနိုအတွက် ဂုဏ်ယူစရာကြိုးစားအားထုတ်မှုဖြစ်ပါတယ်။ ဒိန်းမတ်အသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ပထမပိုင်းမှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဟွိုက်လန်းကသွင်းယူပေးခဲ့တာြဖစ်ပါတယ်။

ကောင်းမွန်တဲ့ရလဒ်တစ်ခုမဟုတ်ခဲ့သော်လည်း သွင်းဂိုးတစ်ဂိုးရရှိခဲ့တာကြောင့် ယခုပွဲစဉ်ဟာ ဆန်မာရီနိုကစားသမားတွေနဲ့ ပရိသတ်တွေ အတွက် ထူးခြားတဲ့ပွဲစဉ်တစ်ခုဖြစ်လာခဲ့ပါတယ်။ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ဂူလီနူချီဟာ Sammarinese ကလပ် အေစီဗားတပ်စ်ရဲ့ ကစားသမားတစ်ဦးဖြစ်ပြီး နိုင်ငံအသင်းအတွက် ၄၈ ပွဲအထိပါဝင်ကစားပေးထားတာဖြစ်ပါတယ်။

အသက်-၂၈ အရွယ်ကစားသမားဟာ ဆန်မာရီနိုအတွက် ယူအီးအက်ဖ်အေပြိုင်ပွဲ တစ်လျှောက် ပွဲစဉ် ၁၂ ပွဲမှာ ပထမဆုံး သွင်းဂိုးကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုသွင်းဂိုးမတိုင်ခင် ဆန်မာရီနိုရဲ့နောက်ဆုံးသွင်းဂိုးက ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကဖြစ်ပြီး စိန့်လူစီယာနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်ရဲ့ သွင်းဂိုးကိုလည်း ဆန်မာရီနိုဟာ ဒရာမာဆန်ဆန် ရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၉၀+၄ မိနစ်မှာ တိုက်စစ်ကစားသမား လော်ရန်ဇိုလာဇာရီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆန်မာရီနိုအသင်းဟာ သမိုင်းတစ်လျှောက် နိုင်ပွဲတစ်ပွဲသာရရှိခဲ့ဖူးပြီး ၂၀၀၄ ခုနှစ်က ခြေစမ်းပွဲမှာ လစ်ချ်တင်စတိန်းကို ၁-၀ နဲ့အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မကြာသေးမီက ဆန်မာရီနိုဟာ အမှတ်တရဆိုးတွေအဖြစ် ပြင်းထန်တဲ့ရှုံးပွဲတွေကို ကြုံတွေ့ထားရပြီး အထူးသဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလက အင်္ဂလန်အသင်းကို ၁၀-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယခု ဒိန်းမတ်ကိုမရှုံးခင်မှာ လတ်တလောရလဒ်တွေမှာ ဆန်မာရီနိုဟာ မြောက်အိုင်ယာလန်ကို ၃-၀၊ ဆလိုဗေးနီးယားကို ၄-၀၊ ကာဇက်စတန်ကို ၃-၀ နဲ့ဆက်တိုက်ရှုံးနိမ့်ထားပါတယ်။

#ဒိန်းမတ် #ဆန်မာရီနို ယူရို၂၀၂၄ခြေစစ်ပွဲ