ရှေ့သို့
Image

တားမြစ်ဆေးသုံးစွဲမှုနဲ့ စွဲချက်တင်ခံခဲ့ရတဲ့ ပေါလ်ပေါ့ဂ်ဘာကို တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀သာ ပေးချေရန် လုပ်ဆောင်နေတဲ့ ဂျူဗင်တပ်စ်

5:16 PM, 14 October

မန်ချက်စတာယူနိုက်တက်အသင်းကနေ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့အပြီးမှာ အိုးလေဒီတီု့အတွက် ဒဏ်ရာကြောင့် ပုံမှန် ပွဲထွက်ကစားပေးနိုင်ရန် ရုန်းကန်နေရတဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ပေါ်လ်ပေါ့ဂ်ဘာအနေဖြင့် တားမြစ်ဆေး သုံးစွဲထားကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီး စီးရီးဘောလုံးအဖွဲ့ချုပ်က ပွဲကစားခွင့် ပိတ်ပင်လိုက်သလို ဂျူဗင်တပ်စ်အသင်းကပါ အရေးယူရန် လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။

ပြင်သစ်ကွင်းလယ်ကြယ်ပွင့်အနေဖြင့် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ဒူးဒဏ်ရာကြောင့် ဂျူဗင်တပ်စ်အသင်းအတွက် ပွဲစဉ် အနည်းငယ်သာ ပါဝင်ကစားပေးနိုင်ခဲ့ပြီး ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းပြ ကစားပေးရန် စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ကွင်းလယ်ကြယ်ပွင့်အနေဖြင့် အူဒီးနီးစ်အသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်အပြီးမှာ တားမြစ်ဆေးသုံးစွဲထားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ပြောင်းရွှေ့လာခဲ့အပြီးမှာ ပေါ့ဂ်ဘာအတွက် ခက်ခဲတဲ့ ကာလတွေကို ဆက်တိုက် ကြုံတွေ့ခဲ့ရပြီး စီးရီးအေကလပ်အသင်းအတွက်လည်း ပွဲစဉ် ၁၂ပွဲသာ ကစားပေးခွင့်ရထားခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းနဲ့အတူ ပွဲကစားပေးနိုင်ရန် ရုန်းကန်နေခဲ့ရသလို အစ်ကိုဖြစ်သူ မာတီးယက်စ်ပေါ့ဂ်ဘာပါဝင်တဲ့ ငွေညှစ်ခြိမ်းခြောက်မှု ဖြစ်စဉ်မှာလည်း ပေါ့ဂ်ဘာအနေဖြင့် ကစားသမားဘဝမှ အနားယူရန်အထိပါ စဉ်းစားခဲ့ဖူးကြောင်း ပြောဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းက တားမြစ်ဆေးသုံးစွဲမှုကြောင့် စီးရီးအေ ဘောလုံးအဖွဲ့ချုပ်မှ ပွဲကစားခွင့် ပိတ်ပင်ခံထားရတဲ့ အချိန်ကာလအတွင်း ပေါ့ဂ်ဘာရဲ့ တစ်ပတ်လုပ်ခကို ယူရို ၂၀၀၀ ခန့်သာ ပေးချေသွားရန် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

#စီးရီးအေ #မန်ချက်စတာယူနိုက်တက် #ဂျူဗင်တပ်စ် #ပေါ့ဂ်ဘာ