ရှေ့သို့
Image

အာရှချန်ပီယံလိဂ်ပွဲစဉ်ကို မကန်ဘဲ ကွင်းထဲထွက်သွားတာကြောင့် အပြစ်ပေးခံရဖွယ်ရှိနေတဲ့ အယ်လ်အစ်တီဟတ်

11:08 AM, 4 October

ဖာဘင်ဟိုနှင့် ကန်တီတို့ပါဝင်ပြီး နူနိုဆန်းတို့စ် နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ဆော်ဒီကလပ်ဟာ ကွင်းဝင်ပေါက်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အီရန်ဗိုလ်ချုပ်ရုပ်တုကို ဆန့်ကျင်တဲ့အနေဖြင့် အဝတ်လဲခန်းမှ ထွက်ခွာရန် ငြင်းဆိုခဲ့ကြပါတယ်။

Naghsh-e Jahn အားကစားကွင်းရှိ ပရိသတ် ၆၀၀၀၀ ခန့်ဟာ ပွဲစတင်ကစားဖို့အတွက် စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ မမျှော်လင့်ထားတဲ့ အခြေအနေတွေကြောင့် ပွဲကိုဖျက်သိမ်းလိုက်ဖြစ်ပါတယ်လို့ အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန် ကြေညာထားပါတယ်။

အဆိုပါထုတ်ပြန်ချက်တွင် "AFC ဟာ ကစားသမားများ၊ ပွဲတာဝန်ရှိသူများ၊ ပရိသတ်များနှင့် ပါဝင်ပတ်သက်သူအားလုံးရဲ့ ဘေးကင်းရေးနှင့် လုံခြုံရေးကို အာမခံထားပေးနိုင်ဖို့ အဖွဲ့ချုပ်ရဲ့ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့ပါတယ်" "ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကော်မတီတွေထံ တင်ပြမှာဖြစ်ပါတယ်"လို့ ပါရှိပါတယ်။

အဆိုပါရုပ်တုဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ဘဂ္ဂဒက်လေဆိပ်အနီး အမေရိကန်ရဲ့ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ အီရန်စစ်တပ်မှူး ကွက်စ်မန် ဆိုလေမန်နီရဲ့ ရုပ်တုဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တွင် ဆော်ဒီအာရးဗျဟာ ဆိုလေမန်နီနှင့် အီရန်တော်လှန်ရေးအစောင့်တပ်များရဲ့ ပြည်ပစစ်ဆင်ရေးလက်ရုံးတပ်ဖြစ်တဲ့ Quds တပ်ဖွဲ့ရဲ့ အကြီးတန်းတပ်မှူးများကို အကြမ်းဖက်သမားများအဖြစ် ခွဲခြားသတ်မှတ်ခဲ့ပါတယ်။

Tasmin Sport ဂျာနယ်လစ် ရှီရာလီဇက်ဒီရဲ့ အဆိုအရ အယ်အီတီဟက်ဟာ တနင်္လာနေ့ညပွဲမှာ ကစားဖို့အတွက် ငြင်းဆိုမှုအတွက် အပြစ်ပေးခံရဖွယ်ရှိနေပါတယ်။ ဆိုလေမန်နီရုပ်တုရှိနေသော်လည်း အာရှချန်ပီယံလိဂ်ပွဲမစမီ တစ်ရက်အလိုတွင် ဆော်ဒီပရိုလိဂ်အသင်းဟာ Naghsh-e Jahn အားကစားကွင်း၌ လေ့ကျင့်ခန်းဆင်းခဲ့ကြောင်း ရှီရာလီဇက်ဒီက ပြောကြားခဲ့ပါတယ်။

တွစ်တာလို့ခေါ်တဲ့ လူမှုမီဒီယာပလက်ဖောင်းတစ်ခုဖြစ်တဲ့ X တွင် ရှိရာလီဇက်ဒီက "ဆိုလေမန်နီရဲ့ ရုပ်တုရှိနေသော်လည်း  အယ်လ်အီတီဟက်ဟာ လေ့ကျင့်ခန်းဆင်းခဲ့တာကြောင့် AFC ရဲ့ အပြစ်ပေးခြင်းကို ခံရနိုင်ပါတယ်" လို့ ပြောထားပါတယ်။

အီရန်ရဲ့ ဒေသတွင်း လှုပ်ရှားမှုများအတွက် ဆိုလေမာနီက တာဝန်ယူထားပြီး ဆော်ဒီရဲ့ ရေနံတပ်ဆင်မှုများ၊ ပင်လယ်ကွေ့ ပို့ဆောင်မှုများနှင့် ဆော်ဒီမြို့များကို တိုက်ခိုက်ခဲ့တဲ့ ယီမင်ရှိ ဟူသီသူပုန်များကို ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့တယ်လို့ ဆော်ဒီက စွပ်စွဲထားတာပါ။ အီရန်ကတော့ အထက်ပါအချက်အားလုံးကို ငြင်းဆိုထားပါတယ်။

အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Basij က တီဟီရန်ရှိ ဆော်ဒီသံရုံးကို တိုက်ခိုက်ခဲ့တဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆော်ဒီကလပ်တွေဟာ အီရန်သို့  ပြန်လည်ရောက်ရှိလာခြင်းကို ယခုရာသီတွင် ပထမဆုံးမြင်တွေ့ခဲ့ရပါတယ်။

ယင်းဖြစ်ရပ်အပြီးတွင် ဆော်ဒီအာရေးဗျမှ အသင်းများအားလုံးဟာ နိုင်ငံတကာ အားကစားပြိုင်ပွဲများအတွက် အီရန်နိုင်ငံသို့ သွားရောက်ရန် ငြင်းဆိုခဲ့ပြီး သူတို့ရဲ့ လုံခြုံရေးကို အာမခံချက်မရှိဟု ပြောဆိုခဲ့ပါတယ်။

#ဖာဘင်ဟို #ကန်တီ