ရှေ့သို့
Image

နှုတ်ထွက်သွားတဲ့ လိုပက်တယ်ဟီနေရာမှာ ဘုန်းမောက်နည်းပြဟောင်း ဂယ်ရီအို‌နေးကို အစားထိုးခန့်အပ်ခဲ့တဲ့ ဝုဗ်

3:49 PM, 10 August

ဝုဗ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းမှ နှုတ်ထွက်သွားခဲ့တဲ့ နည်းပြလိုပက်တယ်ဟီနေရာမှာ ဘုန်းမောက်နည်းပြဟောင်း ဂယ်ရီအိုနေးကို ‌နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။

စပိန်သားနည်းပြဟာ ပရီးမီးယားလိဂ်ရာသီသစ်မစတင်မီမှာပဲ ကလပ်ရဲ့လမ်းညွှန်ချက်တွေနဲ့ သဘောထားကွဲလွဲမှုတွေရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အသင်းမှထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရာသီသစ်ကလည်း မကြာမီအတွင်းမှာပဲ စတင်တော့မှာဖြစ်လို့ ဝုဗ်အသင်းဟာ နည်းပြအသစ်တစ်ဦး အလျင်အမြန်ရှာဖွေခဲ့ပြီး ယခုအခါမှာတော့ လစ်လပ်သွားတဲ့နည်းပြရာထူးကို ဂယ်ရီအိုနေးနဲ့အစားထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ နည်းပြသစ်ဟာ ဝုဗ်အသင်းနဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

အိုနေးဟာ ပြီးခဲ့တဲ့ရာသီက ရုန်းကန်နေရတဲ့ ဘုန်းမောက်အသင်းကို စကော့ပါကာထံမှနည်းပြရာထူး လွှဲပြောင်းရယူပြီး အကောင်းဆုံးဦးဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် ယခုနွေရာသီမှာတော့ ဘုန်းမောက်အသင်းက အန်ဒိုနီ အီယာရ်လာကိုနည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တာကြောင့် အိုနေးလ်ဟာ ဝုဗ်အသင်းရဲ့နည်းပြဖြစ်လာခဲ့တာဖြစ်ပါတယ်။

#ဝုဗ် #အပြောင်းအရွှေ့ #ဘုန်းမောက်လ် #အိုနေးလ် #လိုပက်တယ်ဟီ