ရှေ့သို့
Image

အဆင့် ၁ တက်ထိုင်နေတဲ့ ဂျီရိုနာနဲ့ ပွဲမှာမှ အဓိက ကစားသမား ၂ ဦးလွဲချော်ဖွယ်ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

4:23 PM, 28 September

ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လာလီဂါချန်ပီယံဆုကို စိန်ခေါ်နိုင်ရေးအတွက် အားစိုက်လုပ်ဆောင်နေတဲ့ နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လက်စ်ပါးမားအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ လာလီဂါ ပွဲစဉ်အတွင်း ရူဒီဂါ ဒဏ်ရာရသွားခဲ့တာကြောင့် အဆင့် ၁ နေရာမှာ ရောက်နေတဲ့ ဂျီနိုအာနဲ့ ပွဲမှာ အဓိက နောက်တန်း ကစားသမားတွေဖြစ်တဲ့ ရူဒီဂါနဲ့ အလ်ဘာတို့အနေဖြင့် လွဲချော်သွားဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

ဘယ်လင်ဂမ်အပါအဝင် အရည်သွေးမြင့် ကစားသမားအချို့ကို အားဖြည့်ကာ ပုံစံကောင်းဖြင့် ချီတက်ရန် နည်းပြ အန်ဆယ်လော့တီအနေဖြင့် ပြင်ဆင်ထားခဲ့ပေမဲ့ ဘာနေဗျူး အခြေစိုက်ကလပ်ရဲ့ ရာသီအစ ခရီးလမ်းက ကြမ်းတမ်းခဲ့ပြီး ရာသီမစတင်မီမှာ ကော်တိုရစ် ဒဏ်ရာရခဲ့တဲ့အပြင် အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘီလ်ဘာအိုအသင်းနဲ့ပွဲစဉ်မှာ အဓိက အားထားရတဲ့ နောက်တန်း ဗဟိုကစားသမား မီလီတာအို ဒဏ်ရာခဲ့ထပ်မံရခဲ့သလို လက်စ်ပါမားကို ၂ဂိုး - ၀ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်းမှာလည်း နောက်တန်းကစားသမား ရူဒီဂါ ဒဏ်ရာရခဲ့တာလည်း ဖြစ်ပါတယ်။

နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် ရာသီအစမှာ ကစားသမားတွေရဲ့ ဒဏ်ရာ ရရှိမှုတွေကြုံတွေ့နေရပေမဲ့ ဘယ်လင်ဂမ်ရဲ့‌ ခြေစွမ်းပြမှုနဲ့ အတူ ရလဒ်ပိုင်း ကောင်းမွန်နေပြီး ၇ ပွဲ ကစားပြီးချိန်တွင် ရမှတ် ၁၈ မှတ်အထိရရှိကာ အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဂျီရိုနာနဲ့ ပွဲစဉ်တွင် အဓိက နောက်တန်းကစားသမား ၂ ဦး လွဲချော်ဖွယ်ရှိနေတဲ့ အကြောင်းနဲ့ ပက်သက်လို့ နည်းပြ အန်ဆယ်လော့တီက “အန်တိုနီယိုရူဒီဂါရဲ့ အခြေအနေက မသက်သာသေးပါဘူး။ ကျွန်တော်တို့က ဒူးဒဏ်ရာဖြစ်မယ်လို့ တွက်ဆထားပါတယ်။ ကစာသမားက ဂျီရိုနာနဲ့ ပွဲမှာ ပါနိုင်မယ်ထင်နေတာပါ။ အယ်လ်ဘာကလည်း ပေါင်းခြံဒဏ်ရာ ရထားတာပါ။ ဂီရိုနာနဲ့ ပွဲမှာ ပါနိုင်ဦးမယ်မထင်ပါဘူး”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ရူဒီဂါ #ရီးရဲလ်မက်ဒရစ် #ဂျီရိုနာ