ရှေ့သို့
Image

ဂျူဗင်တပ်ရဲ့ ကစားသမားအလဲအထပ်ကမ်းလှမ်းချက်ကြောင့် အာသာကိုခေါ်ယူဖို့ အခက်တွေ့နေရတဲ့ အာဆင်နယ်

11:31 AM, 17 January

အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်အသင်းက ကွင်းလယ်ကစားသမား အာသာမယ်လို ကို ခေါ်ယူနိုင်ဖို့ကြိုးစားနေပေမယ့် ဂျူဗင်တပ်အသင်းက တောင်းဆိုလိုက်တဲ့ ကစားသမားအလဲအထပ် ‌တောင်းဆိုချက်ဟာ အာဆင်နယ်အတွက် အခက်အခဲ အသစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ သူတို့အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက် မန်ယူ ၊ စပါး ၊ ဝက်စ်ဟမ်းအသင်းတို့နဲ့ ယဉ်ပြိုင်ရုန်းကန်နေရတဲ့အချိန်မှာ အသင်းအတွက် ကစားသမားသစ်ဖြည့်တင်းဖို့အတွက်ကြိုးစားနေတာဖြစ်ပြီး ကွင်းလယ်အတွက် ဂျူဗင်တပ်ကစားသမား အာသာမယ်လိုကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။

ဇန်နဝါရီ အပြောင်းအရွေ့အတွက် ပေါင် သန်း၁၅၀ အထိသုံးစွဲဖို့လျာထားတဲ့ အာဆင်နယ်ဟာ အသင်းရဲ့အားနည်းချက်ဖြစ်တဲ့ ကွင်းလယ်နဲ့ တိုက်စစ်မှူးနေရာတွေအတွက် ကစားသမားရှာဖွေနေတာပါ။ 

မိုဟာမတ် အန်နန်နီ ၊ ပါတေးတို့ အာဖရိက ဖလားသွားရောက်ကစားနေရပီ ရှာကာကလဲ အနီကတ်ပွဲပယ်ပြစ်ဒဏ်တွေကြောင့် အာဆင်နယ်ကွင်းလယ်ဟာ အဓိက အားနည်းချက်ဖြစ်နေတာပါ။ ဒါကြောင့် ဂန်းနားတို့ဟာ ဂျူဗီမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ အာသာမယ်လိုကို ခေါ်ယူလိုနေတာပဲ ဖြစ်ပါတယ်။ 

Goal Brazil ရဲ့ အဆိုအရ အာဆင်နယ်ဟာ ကစားသမားနဲ့ သဘောတူညီမှုတောင်ရရှိထားပြီလိုဆိုပါတယ်။ သို့သော်လည်းဂျူဗင်တပ်ကတော့ အာသာမယ်လိုအတွက် ကစားသမားအစားထိုးမရမချင်းအသင်းကထွက်ခွာဖို့ တားဆီးထားတာပါ။ 

ချဲလ်ဆီးအသင်းရဲ့ လိုတပ်ချိကို ဂျူဗင်က ခေါ်ယူလိုနေပေမယ့် နည်းပြတူချယ်က ကစားသမားကို အသင်းမှာပဲရှိနေစေချင်ခဲ့ပါတယ်။ 

"ကျွန်တော်တို့ သူနဲ့အများကြီးပြောဆိုပြီးပါပြီ။ သူ့အတွက် ကစားဖို့ အချိန်အများကြီးရမှာပါ။ မနှစ်ကရော ဒီရာသီရောပြန်ကြည့်လိုက်ရင် သူအသင်းအတွက်အများကြီးကစားပေးထားရပါတယ်။ကျွန်တော့်အမြင်ကိုလဲ ရူဘင် လိုတက်ချိကို ပြောပီးပါပီ။"

လို့တူချယ်က ဆိုပါတယ်။

လိုတက်ချိကို မရနိုင်တော့တဲ့ ဂျူဗင်တပ်ဟာ အခြားသော ကစားသမားကို ရွေးချယ်စဉ်းစားလာခဲ့ပြီးအဆင်မပြေတဲ့အခါ  အာဆင်နယ်အသင်းက ပါတေးကို အပြန်အလှန်အဖြစ် သဘောကျ အလိုရှိလာတယ်လို့ အီတလီ Sky Sport အရ သိရပါတယ်။ ပါတေးဟာ အက်သလက်တီကိုကနေ အာဆင်နယ်ကို ရောက်ရှိလာပြီးနောက် အသင်းမှာ အားထားရတဲ့ ကွင်းလယ်ကစားသမားတစ်ယောက်လဲ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းကတော့ ထိုကမ်းလှမ်းချက်ဟာ အဆင်မပြေနိုင်ဘူးလို့ဆိုပါတယ်။ 

ဒါကြောင့် ဂျူဗင်တပ်နည်းပြ အယ်လီဂရီက သူ့အသင်းလူစာရင်းနဲ့ ပတ်သက်ပြီး 

"ကျွန်တော့်ကစားသမားအကြောင်းပြောပြီးပါပီ။ ကျွန်တော်တို့ ဒီရာသီ ကို ဖြတ်သန်းဖို့ ကျွန်တော့်အသင်းလူစာရင်းကို အဖြစ်နိုင်ဆုံးထားရှိဖို့ လိုအပ်ပါတယ်။ "

"ဒါမှ အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ၊ လက်ရှိချန်ပီယံလိဂ်ကန်ဖို့ အင်္ဂါနေ့မှာ ကိုပါအီတလီဖလားကန်ဖို့တွေ ရှိနေတဲ့ ကျွန်တော်တို့အသင်းဟာ တည်ငြိမ်စွာရင်ဆိုင်နိုင်မှာပါ။"

လို့အယ်လီဂရီက ဆိုခဲ့ပါတယ်။

#အာသာ #အာဆင်နယ် #ဂျူဗင်တပ်စ်