ရှေ့သို့
Image

ဂီတာဖေးမှာ ပွဲထွက်ခဲ့တဲ့ ဂရင်းဝုဒ်ကို ဆိုရှယ်မီဒီယာမှတစ်ဆင့် ထောက်ခံအားပေးခဲ့တဲ့ အာမက်ဒီယာလို

9:36 AM, 18 September

မန်ချက်စတာယူနိုက်တက်မှ ဂီတာဖေးသို့ အငှားနဲ့ ထွက်ခွာခဲ့ပြီး ယမန်နေ့ညက စပိန်လာလီဂါမှာ ပထမဆုံးအကြိမ် ပွဲဦးထွက်ကစားခဲ့တဲ့ ဂရင်းဝုဒ်ကို ယူနိုက်တက်အသင်းဖော်ဟောင်း အာမက်ဒီယာလိုက ဆိုရှယ်မီဒီယာမှတစ်ဆင့် ထောက်ခံအားပေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အသက်-၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ အိုဆာဆူနာကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂီတာဖေးကစားသမားဘဝ ပထမဆုံးပွဲဦးထွက်အဖြစ် ပွဲကစားချိန် ၇၇ မိနစ်မှာ လူစားထိုး ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ယူနိုက်တက်မှ ဂီတာဖေးသို့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန်သားဟာ ယခုအခါ ၎င်းရဲ့အသင်းသစ်အတွက် ပွဲဦးထွက်ကို စပိန်မြေမှာစတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဂရင်းဝုဒ်ဝင်ရောက်လာပြီးနောက် ဂီတာဖေးက ၃-၂ နဲ့ အသာရနေစဉ်မှာ အိုဆာဆူနာပရိသတ်တွေက "ဂရင်းဝုဒ် သေပါစေ" ဆိုတဲ့စာသားကို သံပြိုင်ရွတ်ဆိုခဲ့ကြတာကြောင့် လာလီဂါအနေနဲ့ မကြာမီမှာပဲ အိုဆာဆူနာအသင်းထံ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်တော့မှာဖြစ်ပါတယ်။

သို့သော် ဂရင်းဝုဒ်ဟာ ယခင်အိုးထရက်ဖို့ဒ်မှာအတူတူ ဖြတ်သန်းခဲ့ဖူးတဲ့ ယူနိုက်တက် တောင်ပံကစားသမား အာမက်ဒီယာလိုရဲ့ ၎င်းရဲ့ဂီတာဖေးကစားသမားဘဝ ပထမဆုံးပွဲဦးထွက်အတွက် ဆိုရှယ်မီဒီယာမှတစ်ဆင့် ထောက်ခံအားပေးမှုကိုရရှိခဲ့ပါတယ်။ အာမက်က အင်စတာဂရမ် စတိုရီမှတစ်ဆင့် ဂရင်းဝုဒ်ရဲ့ လူစားဝင်ရောက်လာတဲ့ ဗီဒီယိုကို အသည်းအီမိုဂျီ နှစ်ခုနဲ့ မျှဝေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဂီတာဖေးရဲ့တတိယဂိုးမှာ ဂရင်းဝုဒ်ရဲ့ပါဝင်ပတ်သက်မှု ရှိနေပြီး ၎င်းရဲ့ကန်ချက် အိုဆာဆူနာနောက်တန်းနဲ့ထိပြီး ရရှိလာတဲ့ထောင့်ကန်ဘောမှတစ်ဆင့် မက်ခ်စီမိုဗစ်က အနိုင်ဂိုးအဖြစ် ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်ဟာ မုဒိန်းမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ နာကျင်စေမှုတို့ကို ကျူးလွန်ခဲ့တယ်လို့ သံသယရှိပြီး စွဲချက်တင်ခံခဲ့ရတာကြောင့် ၂၀၂၂ ဇန်နဝါရီလကတည်းက ယူနိုက်တက်ရဲ့ဆိုင်းငံ့မှုကိုခံခဲ့ရတဲ့ တိုက်စစ်မှူးအတွက် ပထမဆုံးပြန်လည်ကစားတဲ့ပွဲစဉ်ဖြစ်ပါတယ်

။ ဒါ့အပြင် ဂရင်းဝုဒ်ဟာ နောက်အပတ်မှာ ကစားမယ့် ရီးရဲလ်ဆိုစီဒက်နဲ့ပွဲစဉ်မှာလည်း အသင်းအတွက်ထပ်မံပါဝင်သွားဖွယ်ရှိနေပါတယ်။

#လာလီဂါ #ဂီတာဖေး #ဂရင်းဝုဒ် #ဒီယာလို