ရှေ့သို့
Image

ဆော်ဒီပရိုလိဂ်သို့ပြောင်းရွှေ့ပြီးနောက် ပရီးမီးယားလိဂ်ကလပ်ဟောင်းများအကြောင်းကို ပြန်လည်ပြောကြားခဲ့တဲ့ မီထရိုဗစ်

2:03 PM, 17 September

ဖူလ်ဟမ်အသင်းနှင့် နယူးကာဆယ်လ်အသင်း တိုက်စစ်မှူးဟောင်းဖြစ်သူ မီထရိုဗစ်သည် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၄၆ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ပြီးနောက် ၎င်း၏အသင်းဟောင်းများအကြောင်းကို ပြန်လည်ပြောကြားခဲ့ပါတယ်။


အဆိုပါတိုက်စစ်မှူးဟာ အင်္ဂလန်လိဂ် နှစ်ခုမှာ ရှစ်နှစ်ကြာ ကစားခဲ့တဲ့ အချိန်တွေကို အဆုံးသတ်ခဲ့ပြီးနောက် ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ ထိုအပြောင်းအရွှေ့မတိုင်မီတွင် အယ်လ်ဟီလယ်အသင်းထံမှကမ်းလှမ်းမှုကို ရရှိသည်နှင့် တပြိုင်နက် ဖူလ်ဟမ်အသင်းအတွက် နောက်တစ်ကြိမ် မကစားလိုတော့ကြောင်း ၎င်း၏ သူငယ်ချင်းများထံ ပြောကြားခဲ့သည်ဟု မီဒီယာများကလည်း ဖော်ပြခဲ့ကြပါတယ်။


မီထရိုဗစ်ဟာ ဖူလ်ဟမ်မှ ထွက်ခွာခဲ့ပြီးနောက် ယခုအချိန် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်း ကျော်ရရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူဟာ အာရှချန်ပီယံလိဂ် လေးကြိမ်ရရှိခဲ့တဲ့ အယ်လ်ဟီလယ်အသင်းထံ ရောက်ရှိနေပြီဖြစ်တဲ့ မီထရိုဗစ်က အင်တာဗျူးတစ်ခုမှာ “အယ်လ်ဟီလယ်ဆီက ကမ်းလှမ်းမှုကို လက်ခံရရှိတုန်းက မိသားစုနဲ့ စကားပြောခဲ့ပြီး အဲ့ဒီကမ်းလှမ်းချက်ကို စွန့်လွှတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။"


"ကျွန်တော် အင်္ဂလန်အတွက် လွမ်းဆွတ်စရာ မရှိပါဘူး၊ အဲဒီမှာ နှစ်ပေါင်းများစွာ ကစားခဲ့တယ်။ နောက်ဆုံးတော့ ထိပ်တန်းအသင်းတစ်သင်းကို ရောက်လာရတာကို ပျော်ရွှင်မိပါတယ်၊ အယ်လ်ဟီလယ် က ဥရောပမှာရှိတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ခပ်ဆင်ဆင်ပါပဲ။"လို့ ပြောကြားခဲ့ပါတယ်။


မီထရိုဗစ်သည် ၂၀၁၅ ခုနှစ်တွင် အင်္ဂလန်သို့ ပထမဆုံးရောက်ရှိလာခဲ့ပြီး နယူးကာဆယ်လ်အသင်းတွင် သုံးနှစ်ကြာကစားပြီးနောက် ဖူလ်ဟမ်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ သူသည် အဆိုပါ နှစ်သင်းစလုံးနှင့်အတူ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရခဲ့ပြီး ချန်ပီယံရှစ်ဂိုးသွင်းအများဆုံးကစားသမားဆု နှစ်ကြိမ် ရရှိခဲ့သူလည်းဖြစ်ပါတယ်။


ထိပ်တန်းပြိုင်ပွဲတွေမှာ သူဟာ အဆိုပါနှစ်သင်းစလုံးအတွက် ၁၂၉ ပွဲကစားပြီး ၃၈ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ အယ်လ်ဟီလယ် အသင်းကို ရောက်ရှိလာကတည်းက မီထရိုဗစ်ဟာ အယ်လ်အီတီဟတ်နှင့် ပွဲစဉ်တွင်လည်း ဟက်ထရစ်ရယူနိုင်ခဲ့ပြီး ၄ ပွဲကစားကာ ၅ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။


အဆိုပါ အသက် ၂၉ နှစ်အရွယ် ကစားသမားသည် သောကြာနေ့က အယ်လ်ရီယာ့ဒ်ကို ၆-၁ ဂိုးဖြင့် အနိုင်ယူခဲ့သောပွဲစဉ်တွင်လည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

#မီထရိုဗစ် #ဖူလ်ဟမ် #အယ်လ်ဟီလာ