ရှေ့သို့
Image

ဒဏ်ရာပြဿနာတွေကြောင့် နာပိုလီနဲ့ ပွဲစဉ်မှာ အသုံးပြုဖို့ ကွင်းလယ်ကစားသမား ၃ ဦးသာ ကျန်ရှိတော့တဲ့ ဘာစီလိုနာ

4:01 PM, 12 March

ဘာစီလိုနာဟာ အသင်းရဲ့အဓိက ကွင်းလယ်လူတွေဖြစ်တဲ့ ဖရန်ကီဒီဂျောင်၊ ပီဒရီနဲ့ ဂါဗီတို့ကို ဒဏ်ရာပြဿနာကြောင့် ကာလတစ်ခုအကြာလက်လွှတ်ထားရတာဖြစ်ပြီး ယခုအခါ နောက်ထပ်ကွင်းလယ်လူ တစ်ယောက်ဖြစ်တဲ့ ရော်ဘတ်တိုကပါ ဒဏ်ရာထပ်ရသွားတာကြောင့် နာပိုလီနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို ကွင်းလယ်ကစားသမား ၃ ဦးတည်းနဲ့ ကစားသွားရမှာဖြစ်ပါတယ်။

ရော်ဘတ်တိုရဲ့ဒဏ်ရာအခြေအနေက ပြင်းထန်ခြင်းမရှိသော်လည်း ကြံ့ခိုင်မှုပြဿနာကြောင့် ဇာဗီအနေနဲ့ စပိန်လက်ရွေးစင် ကစားသမားကို ပွဲအစမှာထည့်သွင်း အသုံးပြုနိုင်မှာမဟုတ်ဘဲ ဂွမ်ဒိုဂန်၊ ရိုမီယူနဲ့ ဖာမင်လိုပက်ဇ်တို့ကိုသာ အသုံးပြုစရာကျန်ရှိပါတော့တယ်။ ဒီရာသီမှာ ဘာစီလိုနာဟာ ကွင်းလယ်ပိုင်း ဒဏ်ရာပြဿနာတွေနဲ့ မကြာခဏကြုံတွေ့နေရတာကြောင့် ပုံစံကောင်းရဖို့ရုန်းကန်ရလေ့ရှိပြီး ဂွမ်ဒိုဂန်၊ ရိုမီယူ၊ ဖာမင်လိုပက်ဇ်နဲ့ အီနာကီပီနာတို့သာ ဒဏ်ရာနဲ့ရှောင်လွှဲထားနိုင်ကြတာဖြစ်ပါတယ်။

ဇာဗီရဲ့အသင်းဟာ မကြာသေးမီက ဘီလ်ဘာအိုနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပထမပိုင်း အတွင်းမှာပဲ ဒီဂျောင်နဲ့ ပီဒရီတို့ကို ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာဖြစ်ပါတယ်။ ရော်ဘတ်တိုဟာ နာပိုလီနဲ့ ကစားမယ့်ပွဲစဉ်အတွက် ဘာစီလိုနာအသင်းရဲ့လူစာရင်းမှာ ပါဝင်လာဖို့ ဆေးအဖွဲ့က မီးစိမ်းပြခဲ့ပေမယ့် အသက်-၃၂ နှစ်အရွယ် ကစားသမားဟာ ကြံ့ခိုင်မှုပြဿနာကြောင့် ပထမပိုင်းကို လွဲချော်သွားဖို့ရှိနေတာဖြစ်ပါတယ်။

ဘာစီလိုနာအကယ်ဒမီထွက်ကစားသမား အနေနဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ဖို့ အလားအလာမရှိသော်လည်း အရန်စာရင်းမှာတော့ ပါဝင်လာဖို့ရှိနေပါတယ်။ ဒါကြောင့် ဇာဗီအနေနဲ့ ကွင်းလယ်လူကို ပွဲစဉ်ရဲ့ ဒုတိယပိုင်းအရောက်မှာပဲ အသုံးချသွားဖို့အလားအလာရှိနေပါတယ်။

#ဘာစီလိုနာ #နာပိုလီ #ချန်ပီယံလိဂ် #ရော်ဘတ်တို #ဒီဂျောင်