ရှေ့သို့
Image

မယုံနိုင်လောက်အောင် စိတ်အားထက်သန်စွာနဲ့ ဒိန်းမတ်အသင်း အတွက် မိန့်ခွန်းပြောကြားခဲ့တဲ့ ဟွိုက်လန်း

12:39 PM, 11 September

ဒိန်းမတ်တိုက်စစ်မှူး ဟွိုက်လန်းဟာ ဖန်လင်ကို ၀-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ မယုံကြည်နိုင်လောက်အောင် စိတ်အားထက်သန်စွာ မိန့်ခွန်းပြောကြားခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့ အထင်ကြီးမှုကို ရရှိခဲ့တယ်လို့ သိရှိရပါတယ်။

နိုင်ငံတကာပွဲစဉ်များမစတင်မီ အာဆင်နယ်နဲ့ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပထမဆုံးအကြိမ်ပါဝင်ခဲ့တဲ့ ဟွိုက်လန်းဟာ ယမန်နေ့က ဖင်လန်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်မှာလည်း လူစားဝင်ကစားသမားအဖြစ် ဒုတိယပိုင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ဒိန်းမတ်အသင်း အနေနဲ့ သွင်းဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပြီး မိနစ် ၉၀ ပြည့်ကာနီး ၄ မိနစ် အလိုမှ တော့တင်ဟမ်ကွင်းလယ်လူ ဟိုဂျက်ရဲ့ သွင်းဂိုးနဲ့အနိုင် ၃ မှတ်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

ဒိန်းမတ်ဟာ လာမယ့်နွေရာသီဂျာမနီမှာ ကျင်းပမယ့်ပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရရှိနိုင်ရေးအတွက် အုပ်စုအတွင်း ခိုင်မာတဲ့နေရာမှာ ရပ်တည်နိုင်ရေး တိုက်ပွဲဝင်နေရတာဖြစ်ပါတယ်။ ဒိန်းမတ်အသင်းဟာ ရမှတ် ၁၃ မှတ်နဲ့ အုပ်စုရဲ့ ဒုတိယနေရာမှာ ရပ်တည်နေသော်လည်း တတိယနေရာမှဖင်လန်နဲ့ စတုတ္ထနေရာမှ ကာဇက်စတန်တို့ကလည်း ရမှတ် ၁၂ မှတ်စီ ရှာဖွေထားနိုင်တာဖြစ်ပါတယ်။

သို့သော်ဖန်လန်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ ယူနိုက်တက်တိုက်စစ်မှူး ဟွိုက်လန်းက ၎င်းအနေနဲ့ နိုင်ငံအသင်းအတွက် ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ရပ်တည်မှုရှိကြောင်းကို ပရိသတ်တွေထံ ယုံကြည်မှုအပြည့်နဲ့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဟွိုက်လန်းက အော်လန်ကိုင်ပြီး “ကျွန်တော် ခင်ဗျားတို့အားလုံးရဲ့အသံတွေကို ကြားတယ်။ ခင်ဗျားတို့ရဲ့ ယုံကြည်ချက်တွေအားလုံးက ဘောလုံးမှာပဲရှိနေတယ်။ အဲဒီ သောက်ယူရိုပြိုင်ပွဲကို ကျွန်တော်တို့ ရောက်အောင်သွားမယ်။ သောက်ရမ်းကြိုစားလိုက်ကြစို့” ဟု မာန်အပြည့်နဲ့ပြောဆိုခဲ့ပါတယ်။

အသက် ၂၀ အရွယ်သာရှိသေးသော်လည်း ဟွိုက်လန်းရဲ့အမူအယာတွေက ၎င်းမှာရှိနေတဲ့ အထက်တန်းစားစိတ်ဓာတ်နဲ့ ခေါင်းဆောင်နိုင်မှုအရည်အသွေးတွေကို ပြသနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အတ္တလန္တာမှ ယူနိုက်တက်သို့ ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဟွိုက်လန်းဟာ အသင်းနဲ့အတူပရီးမီယားလိဂ်မှာ စတင်ပါဝင်နေပြီ ဖြစ်ပါတယ်။

အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲစဉ်မှာလည်းဟွိုက်လန်းဟာ ယူနိုက်တက်ရဲ့ တိုက်စစ်အတွက် ဘယ်လောက်ထိ အရေးပါကြောင်းကိုပြသနိုင်ခဲ့ပြီး ၎င်းရဲ့အင်တိုက်အားတိုက်ကစားပုံနဲ့ ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစေခဲ့ပါတယ်။ ယခုအခါ ကြံ့ခိုင်မှုပြည့်ဝလုနီးပါးဖြစ်နေတာကြောင့် ဒိန်းမတ် လက်ရွေးစင်ဟာ လာမယ့်စက်တင်ဘာ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် ဘရိုက်တန်နဲ့ပွဲစဉ်မှာ အဲရစ်တန်ဟက်အသင်း အတွက် ပွဲထွက်ပါဝင်သွားဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒိန်းမတ် #ပရီးမီးယားလိဂ် #ဟွိုက်လန်း