ရှေ့သို့
Image

ဘာစီလိုနှင့် အတူ အခွင့်အရေး ရရှိခဲ့တာကြောင့် သဘောကျနေတဲ့ ကက်ဆီ

11:06 AM, 7 July

ဘာစီလိုနာမှာ ကစားရမှာဖြစ်တာကြောင့် စိတ်လှုပ်ရှားမိပါတယ်လို့ ဖရန့်ကက်ဆီက ပြောဆိုလိုက်တာဖြစ်ပြီး ဒီတစ်ပတ်အစောပိုင်းတွင်း စပိန်ကလပ်ဟာ သူ့ကိုခေါ်ယူခဲ့ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

တနင်္လာနေ့မှာ ဘာစီလိုနာဟာ ကက်ဆီနှင့် ခရစ္စတီယာန်ဆန်တို့ကို ခေါ်ယူနိုင်ကြောင်း ကြေညာခဲ့တာဖြစ်ပြီး ကစားသမားနှစ်ဦးစလုံးဟာ မီလန်နှင့် ချဲလ်ဆီးတို့မှာ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ကြတဲ့သူတွေဖြစ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘာစီလိုနာအတွက် အလုပ်ရှုပ်ရတဲ့ အချိန်တစ်ခုဖြစ်ပြီး အသင်းရဲ့ ပုံစံကို ချိန်ညှိနေရတာဖြစ်ကာ ဒီဂျောင်နှင့် ဒမ်ဘီလီတို့ကလည်း အသင်းကနေထွက်ခွာဖို့ရှိနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက အေစီမီလန်ကို စီးရီးအေဆုဖလားရရှိအောင် ကူညီခဲ့ပြီးနောက်မှာတော့ ကွင်းလယ်မှာကစားဖို့အတွက် သေချာမှုများမရှိသော်လည်း နည်းပြဇာဗီရဲ့လက်အောက်မှာ ကစားဖို့အတွက် စောင့်မျှော်နေပြီဖြစ်ပါတယ်။

"ဇာဗီက ခေါ်လိုက်တဲ့အချိန်မှာ ကြိုးစားမှုတွေက တော်တော်လေးများနေတယ်လို့ မြင်မိမှာပါ။ နည်းပြနှင့်အတူ အသင်းဖော်အသစ်တွေနဲ့ စတင်လုပ်ဆောင်ဖို့ မစောင့်နိုင်တော့ပါဘူး" "ဒါဟာ ကျွန်တော့်အတွက် အထူးအခွင့်အရေးတစ်ရပ်ပါ။ ဘာစီလိုနာက ကြီးကျယ်ခမ်းနားတဲ့အသင်းဖြစ်ပြီး ကျွန်တော်အရမ်းကို ပျော်ရွင်မိပါတယ်။ စတင်ချင်ပြီး အကောင်းဆုံးပေးဆပ်ပြီး ကစားသွားမှာဖြစ်ပါတယ်။ ကျွန်တော်ဟာ အနိုင်ရရှိဖို့အတွက် တစ်ရက်ပြီးတစ်ရက် ကြိုးစားတဲ့ ကစားသမားမျိုးဖြစ်ပါတယ်""နည်းပြ ဆုံးဖြတ်ချက်ချပေးတဲ့ နေရာမှာ ကျွန်တော်ကစားမှာပါ။ အသင်းအတွက် ကျွန်တော်က ဘယ်နေရာမှာ အကောင်းဆုံးဖြစ်မလဲဆိုတာကို သူလည်းသိပါတယ်" လို့ အသင်းသို့ ရောက်ရှိလာမှုနှင့်ပတ်သက်ပြီး ကက်ဆီက ပြောပါတယ်

အသက် ၂၅နှစ်အရွယ် ကစားသမားဟာ မီလန်မှာတုန်းက နည်းပြ ပီအိုလီရဲ့လက်အောက်မှာ နေရာစုံမှာ ကစားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းကဆိုရင် ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ်ပါ ကစားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက သူဟာ အသင်းအတွက် အားထားစရာကစားသမားတစ်ဦးဖြစ်ခဲ့ပြီး လိဂ်ပွဲ ၃ ပွဲသာလွဲချော်ခဲ့ကာ ဇန်နဝါရီလက လက်ရွေးစင်အသင်းအတွက် အာဖရိကနိုင်ငံများဖလားကို သွားရောက်ကစားပေးခဲ့ရတာကြောင့် ဖြစ်ပါတယ်။ အိုင်ဗရီကို့စ်နိုင်ငံသားဟာ ၂၀၀၉ခုနှစ်တွင် ဘာစီလိုနာနှင့်အတူ ချန်ပီယံလိဂ်ဆုဖလားရရှိခဲ့တဲ့ သူ့ရဲ့တစ်နိုင်ငံသား ယာယာတိုရေးလိုမျိုး ဖြစ်လာဖို့အတွက် မျှော်လင့်နေတာဖြစ်ကြောင်း ပြောပြထားပါတယ်။

"ကျွန်တော့်ရဲ့ အိုင်ဒေါက ယာယာတိုရေးပါ။ သူဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကျွန်တော့်လိုပဲ အိုင်ဗရီကို့စ်နိုင်ငံသားပါ။ ကျွန်တော်ဟာ သူနဲ့အတူ ကစားခဲ့ရတာကြောင့် ကံကောင်းခဲ့ပြီး သူ့လိုပဲ ကစားသမားဘဝမှာ အောင်မြင်မှုရရှိချင်ပါတယ်"လို့ ကက်ဆီက ပြောပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ကက်ဆီ