ရှေ့သို့
Image

ဂျပန်ကို ဂိုးပြတ်ရှုံးခဲ့တာဟာ ကစားသမားတွေ ဘဝင်မြင့်နေလို့ဖြစ်နိုင်ကြောင်း ဝန်ခံသွားခဲ့တဲ့ ဂမ်ဒိုဂန်

9:43 AM, 10 September

ဂျာမနီအသင်းခေါင်းဆောင်သစ် ဂမ်ဒိုဂန်က ယမန်နေ့ညက ဂျပန်ကို ခြေစမ်းပွဲမှာ ဂိုးပြတ်ရှုံးခဲ့ပြီးနောက် ခံစားချက်တွေကို ဖွင့်ဟလာခဲ့ပါတယ်။


ဂျာမနီအသင်းဟာ ယမန်နေ့ညက ဂျပန်နဲ့ ခြေစမ်းပွဲကစားခဲ့ရာမှာ ၄-၁ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဂမ်ဒိုဂန်က ဂျပန်အသင်းဟာ ယခုလိုအနိုင်ရလဒ်နဲ့ ထိုက်တန်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ဂမ်ဒိုဂန်က "ရည်မှန်းထားတဲ့အရာနဲ့ တကယ်တမ်း ကစားရချိန် ကွာဟမှုက ကြီးမားပါတယ်။ ကျွန်တော်တို့မှာ လုံလောက်တဲ့ခြေစွမ်းမရှိဘူးဆိုတာ အမှန်တရားပါ

ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်နေတာလည်း ဖြစ်နိုင်ပါတယ်"လို့ ပြောခဲ့ပါတယ်။


ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားအပြီးကတည်းက ရလဒ်ပိုင်းဆိုးရွားနေပြီး နောက်ဆုံးငါးပွဲမှာ လေးပွဲရှုံးခဲ့ပါတယ်။

နည်းပြ ဟန်စီဖလစ်ခ်အပေါ် ဝေဖန်မှုတွေ ကြီးကြီးမားမား ကျရောက်နေပေမယ့် ဂမ်ဒိုဂန်ကတော့ ဘိုင်ယန်နည်းပြဟောင်းဟာ အသင်းအတွက် မှန်ကန်တဲ့နည်းပြတစ်ဦးဖြစ်နေဆဲလို့ ယုံကြည်နေပါတယ်။


ဆက်လက်ပြီး ဂမ်ဒိုဂန်က "သူက စိတ်အားတက်ကြွလေ့ရှိတဲ့နည်းပြဖြစ်ပြီး ပွဲမတိုင်ခင် ပြောစကားတွေမှာလည်း အပြောကောင်းပါတယ်။ ခုရလဒ်ဆိုးနေတာတွေက နည်းပြနဲ့ မဆိုင်ပါဘူး။ အသင်းက ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရမှာပါ" လို့ ပြောသွားခဲ့ပါတယ်။

#ဂျာမနီ #ဂျပန် #ဂမ်ဒိုဂန် ယူရို၂၀၂၄ခြေစစ်ပွဲ