ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်ကို မပြောင်းခင် တော့တင်ဟမ်မှာ ခြေစွမ်းပြသရမယ်လို့ ပြောကြားလိုက်တဲ့ ရစ်ချာလီဆန်

10:45 AM, 16 June

ကစားသမားဘဝရဲ့ တစ်ချိန်မှာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကစားချင်သော်လည်း ပြီးခဲ့တဲ့နွေရာသီတုန်းက တော့တင်ဟမ်ဟာ အဲဗာတန်ကနေ သူ့ကိုခေါ်ယူဖို့ ဘာကြောင့် ပေါင်သန်း ၅၀ ပေးခဲ့ရသလဲဆိုတာကို သက်သေပြသရဦးမယ်လို့ ရစ်ချာလီဆန်က ပြောကြားထားပါတယ်။ အမှန်တကယ်တော့ ဘရာဇီးနိုင်ငံသားဟာ ပြီးခဲ့တဲ့ရာသီမှာ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်သွင်းဂိုး၁ ဂိုးသာ သွင်းယူနိုင်ခဲ့ကာ လီဗာပူးနှင့်ပွဲမှာ အနိုင်ဂိုး သွင်းယူခဲ့သော်လည်း အဆိုပါဂိုးက ပယ်ဖျက်ခြင်းခံခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးဖို့အကြောင်း မေးမြန်းရာတွင် ရစ်ချာလီဆန်က "ရီးရဲလ်မက်ဒရစ်နဲ့ ဆက်သွယ်မှုလား ကစားသမားတိုင်းက ရီးရဲလ်မက်ဒရစ်ရဲ့ အင်္ကျီကိုဝတ်ဆင်ကစားလိုက်ပါတယ်။ ကမ္ဘာပေါ်က အကြီးမားဆုံး ကလပ်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ကလပ်ရှိတယ် စာချုပ်သက်တမ်းရှိသေးတယ် ကျွန်တော့်ကို ဘာလို့ ဒီလောက်ငွေကြေးပေးပြီးခေါ်ယူခဲ့ရသလဲဆိုတာကိုလည်း သက်သေပြရအုံးမှာဖြစ်ပါတယ်။ ကစားသမားတိုင်းကတော့ ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့ အိပ်မက်မက်ကြမှာပါ" လို့ ပြောပါတယ်။

၂၀၂၂-၂၃ ရာသီမှာ ရစ်ချာလီဆန်က ခြေစွမ်းမပြသနိုင်ခဲ့သလို ပရီးမီးယားလိဂ် ၁၂ သာ ပွဲထွက်ကစားခဲ့ရပြီး တော့တင်ဟမ်နည်းပြသစ်က သူ့ကိုဘယ်လိုကိုင်တွယ်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ သူဟာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ၄၂ ပွဲကစား ဂိုး ၂၀ သွင်းယူထားပါတယ်။

ဘန်ဇီးမား ထွက်ခွာသွားပြီးနောက် ရီးရဲလ်မက်ဒရစ်ဟာ ဈေးကွက်အတွင်း တိုက်စစ်မှုးသစ် ရှာဖွေနေတာလည်းဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ခြေစွမ်းပွဲအဖြစ် ဘရာဇီးဟာ ဂီနီယာ၊ ဆီနီဂေါတို့နှင့် ကစားရမှာဖြစ်ပြီး အဲ့ဒီနောက် ရစ်ချာလီဆန်ကတော့ တော့တင်ဟမ်ရဲ့ ရာသီအကြိုအတွက် ပြန်လာမှာဖြစ်ကာ ပထမဆုံး ခြေစမ်းပွဲကတော့ ဩစတြေးလျတွင် ဝက်စ်ဟမ်းနှင့် ကစားသွားမှာဖြစ်ပါတယ်။

#တော့တင်ဟမ် #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #ရစ်ချာလီဆန်