ရှေ့သို့
Image

နည်းပြ အာတီတာရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ခွင့်နည်းပါးလာတဲ့အပေါ် ရှင်းပြလာတဲ့ ထရိုဆက်

2:58 PM, 8 September

နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းက တိုက်စစ်ပိုင်းအတွက် ကစားသမား ဖြည့်တင်းမှုအဖြစ် ဘရိုက်တန်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ ထရိုဆက်အနေဖြင့် လန်ဒန်ကလပ်အတွက် ပွဲဦးထွက်ရာသီမှာ အတိုင်းအတာတစ်ခုအထိ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပေမဲ့ ယခုနှစ်ဘောလုံးရာသီအတွင်း ပွဲကစားချိန်မိနစ် နည်းပါလားတဲ့အပေါ် မှတ်ချက်ပြုစကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ တောင်ပံတိုက်စစ်ကစားသမားအနေဖြင့် ယခုနှစ်ဘောလုံးရာသီအတွင်း အာဆင်နယ်အသင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲတွင် ပွဲကစားချိန် မိနစ် စုစုပေါင်း ၆၂ မိနစ်သာ ကစားပေးခွင့်ရထားခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းက ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီဝက် အပြောင်းအရွှေ့ကာလဖြစ်တဲ့ ဇန်နဝါရီလတွင် ဘရိုက်တန်အသင်းနဲ့အတူ ခြေစွမ်းထက်နေတဲ့ ထရိုဆက်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း ဖြင့် ခေါ်ယူထားခဲ့တာလည်း ဖြစ်ပါတယ်။

ထရိုဆက်အနေဖြင့် အာဆင်နယ်အသင်းနဲ့အတူ ကစားခွင့်ရခဲ့တဲ့ ပွဲစဉ် ၂၅ ပွဲ အတွင်းမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ကြိမ် အထိ ပြုလုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လန်ဒန်ကလပ်အသင်းတွင် ပွဲကစားခွင့်နည်းပါးနေတာနဲ့ ပက်သက်လို့ ထရိုဆက်က “ကျွန်တော်တို့မှာ ၃ရက်တိုင်းမှာ ၁ပွဲလောက်ကန်ကြရမှာပါ။ ဒါကြောင့် ပွဲစဉ်တိုင်းကို ဒီလူစာရင်းနဲ့ချည်းပဲ ကစားလို့မရနိုင်ပါဘူး။ ပွဲထွက်ခွင့်ရဖို့ဆိုတာက ကျွန်တော်ရဲ့ ခြေစွမ်းပိုင်းအပေါ်ပဲ မူတည်နေတာပါ။ နည်းပြ အာတီတာ ကိုယ်တိုင်ကလည်း ဒီသဘောတရားကို ပြောပြထားပြီးသားပါ”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #ထရိုဆက် #ပရီးမီးယားလိဂ်