ရှေ့သို့
Image

လာလီဂါပွဲစဉ် (၃၄) ဂျီရိုနာ-ဘာစီလိုနာ ပွဲကြိုခန့်မှန်းချက် (ည ၁၁:၀၀)

10:01 AM, 4 May

ဂျီရိုနာ-ဘာစီလိုနာ ဒဏ်ရာရပွဲပယ်
-------------
ဂျီရိုနာ - ဂျိုရယ်ရိုကာ၊ ဂျူအမ်ပီ(သေချာပေါက်လွဲ)၊ ဆိုင်ဂန်ကော့ဗ်၊ ရီကတ်အာတီယို၊ စတူအာနီ(မသေချာ)
ဘာစီလိုနာ - ဂါဗီ၊ အလီဂျန်ဒရိုဘယ်လ်ဒီ၊ ဒီဂျောင်(သေချာပေါက်လွဲ)

အခုကတ္တလန်ဒါဘီမှာ အနိုင်ရရှိတဲ့အသင်းက အမှတ်ပေးဇယားဒုတိယနေရာကို ရာသီကုန်အထိ သိမ်းပိုက်နိုင်ဖို့ အခွင့်အရေးရှိလာပါလိမ့်မယ်။ ပထမအကျော့၊ နူးကမ့်ကွင်းပွဲစဉ်မှာတော့ ဂျီရိုနာက ဘာစီလိုနာကို ခြေစွမ်းပြအနိုင်ယူခဲ့ပါတယ်။ ဘာစီလိုနာရဲ့တိုက်စစ်ပိုင်းထက်မြက်မှုတွေက ခံစစ်ပိုင်းကောင်းမွန်နေတဲ့ အိမ်ရှင်တွေအတွက် ခက်ခဲတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဂျီရိုနာက အိမ်ကွင်းဆို ခြေစွမ်းပြကစားနိုင်ပြီး တိုက်စစ်အားလည်း ကောင်းပါတယ်။ ဂိုးပေါင်းကြေးလည်း အထိုက်အလျောက်ပြင်းရှနေလို့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ ဂိုးပေါ်သွားနိုင်ပါတယ်။
 
ဂျီရိုနာ - ဘာစီလိုနာ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
-------------------------------------------------------------
ဘာစီလိုနာ ၂ - ၄ ဂျီရိုနာ (၁၁-ဒီဇင်ဘာ-၂၀၂၃)
ဘာစီလိုနာ ၀ - ၀ ဂျီရိုနာ (၁၁-ဧပြီ-၂၀၂၃)
ဂျီရိုနာ ၀ - ၁ ဘာစီလိုနာ (၂၈-ဇန်နဝါရီ-၂၀၂၃)
ဘာစီလိုနာ ၃ - ၁ ဂျီရိုနာ (၂၄-ဇူလိုင်-၂၀၂၁)
ဘာစီလိုနာ ၃ - ၁ ဂျီရိုနာ (၁၆-စက်တင်ဘာ-၂၀၂၀)
.
ဂျီရိုနာ နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------
လက်စ်ပါးမား ၀ - ၂ ဂျီရိုနာ (၂၇-ဧပြီ-၂၀၂၄)
ဂျီရိုနာ ၄ - ၁ ကာဒီဇ် (၂၁-ဧပြီ-၂၀၂၄)
အက်သလက်တီကို ၃ - ၁ ဂျီရိုနာ (၁၃-ဧပြီ-၂၀၂၄)
ဂျီရိုနာ ၃ - ၂ ဘက်တစ် (၃၁-မတ်-၂၀၂၄)
ဂီတာဖေး ၁ - ၀ ဂျီရိုနာ (၁၇-မတ်-၂၀၂၄)
.
ဘာစီလိုနာ နောက်ဆုံး (၅) ပွဲရလဒ်
------------------------------
ဘာစီလိုနာ ၄ - ၂ ဗလန်စီယာ (၃၀-ဧပြီ-၂၀၂၄)
ရီးရဲလ်မက်ဒရစ် ၃ - ၂ ဘာစီလိုနာ (၂၂-ဧပြီ-၂၀၂၄)
ဘာစီလိုနာ ၁ - ၄ ပီအက်စ်ဂျီ (၁၇-ဧပြီ-၂၀၂၄)
ကာဒီဇ် ၀ - ၁ ဘာစီလိုနာ (၁၄-ဧပြီ-၂၀၂၄)
ပီအက်စ်ဂျီ ၂ - ၃ ဘာစီလိုနာ (၁၁-ဧပြီ-၂၀၂၄)

#လာလီဂါ #ဘာစီလိုနာ #ပွဲကြိုသုံးသပ်ချက် #ဂျီရိုနာ