ရှေ့သို့
Image

ဒမ်ဘီလီရဲ့ထွက်ခွာမှုက ကန်ဆယ်လိုရောက်ရှိလာဖို့အတွက် လမ်းခင်းပေးသလို ဖြစ်ခဲ့သလား

3:50 PM, 3 September

မန်စီးတီးအသင်းမှ ကန်ဆယ်လိုကို အပြောင်းအရွှေ့နောက်ဆုံးရက်တွင် ဘာစီလိုနာက ခေါ်ယူနိုင်ခဲ့ခြင်းမှာပီအက်စ်ဂျီသို့ ဒမ်ဘီလီထွက်ခွာသွားခြင်းကြောင့် ဖြစ်နိုင်ချေရှိပါတယ်။

နှောင့်နှေးမှုများစွာရှိခဲ့ပြီး အပြောင်းအရွှေ့နောက်ဆုံးရက်နှောင်းပိုင်းတွင် နောက်ခံလူအတွက် တစ်ရာသီအငှားစာချုပ် ချုပ်နိုင်ခဲ့သလို အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဂျာအိုဖီးလစ်နှင့်လည်း အလားတူသဘောတူညီချက်ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ The Athletic ၏ ဖော်ပြချက်အရ ဒမ်ဘီလီရဲ့ ပီအက်စ်ဂျီသို့ ထွက်ခွာသွားခြင်းဟာ ပေါ်တူဂီအတွဲကို ခေါ်ယူရန် ငွေကြေးအတွက် ကတ္တလန်ကလပ်အဖို့ အဓိကကျခဲ့ပါတယ်။

ဘာစီလိုနာရဲ့ ဆိုးရွားတဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် လာလီဂါရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းများကို လိုက်နာရန်အတွက် ကလပ်ဟာ လစာအမြောက်အများကို လျှော့ပေးရမှာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ဒမ်ဘီလီရဲ့ စာချုပ်ဖျက်သိမ်းခဖြစ်တဲ့ ယူရို ၅၀.၄ သန်း (ပေါင် ၄၃ သန်း၊ ဒေါ်လာ ၅၅ သန်း) ကို ပေးခဲ့ခြင်းက ယခုရာသီ ဘဏ္ဍာရေးအခြေအနေကို ဟန်ချက်ညီညီထိန်းညှိပေးနိုင်တဲ့ အဓိကအချက်ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ဂျာအို နှစ်ဦးအား လာလီဂါတွင် တရားဝင်စာရင်းသွင်းရာတွင် အချိန်ဖြုန်းတီးခြင်းမပြုဘဲ နှစ်ဦးစလုံးဟာ အိုဆာဆူနာနှင့် ရင်ဆိုင်ရမယ့် တနင်္ဂနွေနေ့ရဲ့ လူစာရင်းတွင် ပါဝင်ခဲ့ပါတယ်။

#ဘာစီလိုနာ #ကန်ဆယ်လို #ဒမ်ဘီလီ